ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အိအိတုန်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးခဲ့တာကြောင့် ပရိသတ်နဲ့ရင်းနှီးမှုရရှိခဲ့တာ ဖြစ်ပါတယ် ။ ကျရာနေရာကနေ ဇာတ်ရုပ်မျိုးစုံကို အပီအပြင်သရုပ်ဆောင်တတ်တဲ့ အိအိတုန်က အောင်မြင်မှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ် ။ အခုအချိန်မှာတော့ အိအိတုန်က ကိုယ်ပိုင်စီးပွားရေးအဖြစ် Online Shopping လုပ်ငန်းကို သူမကိုယ်တိုင် အားစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

စကားပြောချိုသာပြီး ဖော်ရွေသူဖြစ်တဲ့ အိအိတုန်က Customer တွေနဲ့လည်း အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အိအိတုန်က ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာကြောင့် အလုပ်တွေကိုခဏရပ်နားထားတာ ဖြစ်ပါတယ် ။ အိအိတုန်က အိမ်ထဲမှာပဲ မိသားစုနဲ့အတူ လုံလုံခြုံခြုံနေထိုင်ရင်း ပရိသတ်တွေအတွက် သူမရဲ့တစ်နေ့တာဖြတ်သန်းမှုလေးတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

အခုလည်း အိအိတုန်က "လပြည့်နေ့လေးမှာ ခုနှစ်ရက်သားသမီးအားလုံး သောကမှန်သမျှကင်းဝေးကြပါစေ Tone Family မှဆုမွန်ကောင်းတောင်းပါတယ်" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ဂရုစိုက်ကြင်နာတတ်တဲ့ ချစ်ခင်ပွန်းကိုသာမက ချစ်စရာသမီးချောလေးကိုပါ ပိုင်ဆိုင်ထားတဲ့ အိအိတုန်ရဲ့ဘဝလေးကတော့ အရမ်းကိုပြီးပြည့်စုံနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အိအိတုန်တို့မိသားစုရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Ei Tone's FB Acc

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။