ပရိသတ်ကြီးရေ......အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်Rဇာနည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာတေးသီချင်းပေါင်းများစွာကို အောင်မြင်စွာသီဆိုထားနိုင်တဲ့သူဖြစ်ပြီး ဂီတနဲ့ပက်သက်တဲ့ဆုတံဆိပ်ပေါင်းများစွာကိုလည်း သိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။ Rဇာနည်ဟာ အခုဆိုရင်လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ၀မ်းနဲ့အတူတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ သမီးတစ်ယောက်ကိုလည်းရရှိထားတာဖြစ်ပါတယ်။

Video Credit-Phit Phit Chit Chit's Facebook page
Video Credit-Phit Phit Chit Chit's Facebook page

သားလေးနှစ်ယောက်နဲ့ သမီးလေးရဲ့နာမည်ကလည်း အသည်းယားစရာကောင်းတဲ့နာမည်လေးတွေဖြစ်ပြီးတော့ ဖစ်ဖစ်တုန်၊ချစ်ချစ်တုန်နဲ့ မစ်မစ်တုန်လေးတို့ပဲဖြစ်ပါတယ်နော်။ ချစ်ချစ်တုန်လေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို စကားလေးတွေတတ်နေပြီဖြစ်ပြီး ချစ်စရာမျက်နှာလေးနဲ့ အသည်းယားဖို့ကောင်းတဲ့ကလေး လေးဖြစ်ပါတယ်။ အခုဆိုရင်လည်း ချစ်ချစ်တုန်လေးဟာ ဘုရားဂုဏ်တော်ကိုးပါးကို စကားမပီတပီလေးရွတ်ပြနေတာပါနော်။

Video Credit-Phit Phit Chit Chit's Facebook page
Video Credit-Phit Phit Chit Chit's Facebook page

ချစ်ချစ်လေး ဘုရားစာရွတ်နေတဲ့ဗီဒီယိုလေးကို"တော်သလင်းလပြည့်နေ့ ဂုရုဓမ္မနေ့" ဆိုတဲ့ captionလေးနဲ့ Phit Phit Chit Chit Mhit Mhitရဲ့ pageလေးမှာတင်ပေးလာတာဖြစ်ပါတယ်။ ကဲ.....ချစ်စရာကောင်းတဲ့ ချစ်ချစ်တုန်လေးရဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video Credit-Phit Phit Chit Chit's Facebook page
Video Credit-Phit Phit Chit Chit's Facebook page

Source&Photo credit-Phit Phit Chit Chit's Facebook page

Video Credit-Phit Phit Chit Chit's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။