ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်အကယ်ဒမီဂွမ်းပုံကတော့ ဇာတ်ကားတွေအများအပြားမှာ ဇာတ်ပို့နေရာကနေ ပါဝင်သရုပ်ဆောင်လာတဲ့သူပဲဖြစ်ပါတယ်။ဂွမ်းပုံက သဘောထားပြည့်ဝပြီး ပွင့်လင်းရိုးသားလို့ ပရိသတ်တွေက တစိုက်မက်မက်နဲ့အားပေးနေကြတာဖြစ်ပါတယ်။ယခုလိုကိုဗစ်ကာလမှာတော့ ဂွမ်းပုံတို့အနုပညာရှင်တွေလည်း ရိုက်ကူးရေးတွေ ရပ်နားထားရတာဖြစ်ပါတယ်နော်။

Photo Credit:Goon Sein's Facebook Account
Photo Credit:Goon Sein's Facebook Account

ဂွမ်းပုံက သရုပ်ဆောင်၊ဒါရိုက်တာခင်လှိုင်နဲ့လည်း မောင်နှမအရင်းတွေလို ခင်မင်ရင်းနှီးပြီး အနုပညာအလုပ်တွေကိုအတူတူတွဲလုပ်နေကြတာဖြစ်ပါတယ်။ဂွမ်းပုံနဲ့ခင်လှိုင်တို့ကလည်း အချင်းချင်းဖေးမကူညီကြပြီး ဘယ်နေရာမဆို တက်ညီလက်ညီရှိကြတဲ့ အနုပညာမောင်နှမတွေဖြစ်ကြပါတယ်နော်။ဂွမ်းပုံက မကြာခဏလည်း ခရီးတွေထွက်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Goon Sein's Facebook Account
Photo Credit:Goon Sein's Facebook Account
Photo Credit:Goon Sein's Facebook Account

အခုဆိုရင်လည်း ဂွမ်းပုံနဲ့ခင်လှိုင်တို့ အနုပညာမောင်နှမတစ်စုက ရိုက်ကူးရေးတွေနားထားတဲ့အချိန်မှာ လုပ်အားကုသိုလ်လေးယူနေကြတာဖြစ်ပါတယ်။ဂွမ်းပုံကတော့"ရိုက်ကူးရေး..ရပ်နားထားခဏတာ.."ကျောက်ထီးလေး"..စေတီတော်မြတ်မှာ..ဘိလပ်မြေ/အုတ်..တစ်ပိုင်တစ်နိုင်..သွားရောက်လှူဒါန်းကြ..."ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။စေတီတည်ဖို့အတွက် တစ်တပ်တစ်အားပါဝင်နေကြတဲ့ ဂွမ်းပုံတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Goon Sein's Facebook Account
Photo Credit:Goon Sein's Facebook Account

Source&Photo Credit:Goon Sein's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။