ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်းပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်ကတော့ မင်းသမီးချောလေး မြတ်သူသူပဲဖြစ်​တယ်။ လက်ရှိမှာတော့ မြတ်သူသူ ဟာ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲ တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ဒါ့အပြင် လတ်တလော MRTV -4 မှာလည်း ထုတ်လွှင့်ပြသနေတဲ့ " တို့မမနဲ့..... တို့ " ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း သန်းသန်းဆွေ အဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

ဒါ့အပြင် သန်းသန်းဆွေရဲ့ ဇာတ်ရုပ်ကို သဘာဝကျကျ ပေါ်လွင်အောင် သရုပ်ဆောင်ထားတာကိုလည်း ပရိသတ်တွေမြင်တွေ့ပြီးသားဖြစ်မှာပါ။ ဒီဇာတ်လမ်းလေးနဲ့ ပတ်သက်တဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း မြတ်သူသူ က ပရိသတ်တွေအတွက် မကြာခဏဖော်ပြပေးပါတယ်။ ယခုမှာလည်း မြတ်သူသူ ဟာ ရိုက်ကွင်းနောက်ကွယ်က အကောင်းဆုံးကြိုးစားခဲ့တဲ့ သူမရဲ့အမှတ်တရ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

ဒီပုံလေးတွေထဲမှာတော့ မြတ်သူသူ ဟာ ဟိန်းမင်းသူ နဲ့ အတွဲညီညီ သဘာဝကျအောင်သရုပ်ဆောင်ထားတဲ့ ပုံရိပ်တချို့ပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မြတ်သူသူ က "ဒီအချိန်မှာ ငါ့မောင်လေးရဲ့သိက္ခာကိုပဲ အမ ပိုစိတ်ပူနေခဲ့တာပါ ဘာပဲဖြစ်ဖြစ် လူဟာလူပါပဲ ကိုယ့်ဖြစ်တည်မှုအပေါ် ရဲဝင့်စွာလက်ခံပြီး အောင်မြင်အောင် ကြိုးစားကြရအောင်နော် " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ့...ချစ်ပရိသတ်ကြီး 'တို့မမနဲ့... တို့' ဇာတ်လမ်းတွဲလေးရဲ့ ရိုက်ကွင်းနောက်ကွယ်က ကြိုးစားထားတဲ့ မြတ်သူသူရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

Photo Credit - Myat Thu Thu fb page

Source - Myat Thu Thu fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။