ချစ်ရတဲ့ ပရိသတ်ကြီးရေ.... ကရင်တိုင်းရင်းသူလေးဖြစ်ပြီး သူမရဲ့ စကားသံဝဲဝဲလေးတွေက ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေတဲ့ မော်ဒယ်လ် သရုပ်ဆောင် နော်ဖောအယ်ထားကိုတော့ ပရိသတ်တွေ သိကြမယ်ထင်ပါတယ်နော်။ နော်ဖောက photo model တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတာလည်း ဖြစ်ပါတယ်။

Photo credit - Naw Phaw Eh Htar's FB page

MRTV -4ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ နော်ဖောရဲ့ သရုပ်ဆောင်မှုတွေက တိကျပီပြင်ပြီး ဇာတ်လမ်းတဲ့ အနှစ်သာရကို ပီပီပြင်ပြင်ပုံဖော်နိုင်သူဖြစ်လို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပါနော်။ လတ်တလောမှာတော့ နော်ဖောက photo shooting တွေကို ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ မကြာခဏဆိုသလို မျှဝေပေးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo credit - Naw Phaw Eh Htar's FB page

ယနေ့မှာတော့ နော်ဖောက ကြည့်မိသူတိုင်း ရင်ကို အေးမြသွားစေလောက်အောင် ရိုးရှင်းတဲ့ ဖက်ရှင်လေးနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...နော်ဖောရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။

Photo credit - Naw Phaw Eh Htar's FB page
Photo credit - Naw Phaw Eh Htar's FB page

Source & Photo credit - Naw Phaw Eh Htar's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။