ပရိသတ်ကြီးရေ မင်းသားကြီး ဦးကျော်သူကတော့ အနုပညာလောကမှာ တစ်ခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးကျော်သူ ဟာ အနုပညာအလုပ်တွေထက် လူ့လောကမှာ တန်ဖိုးရှိပြီး မွန်မြတ်တဲ့ လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို နေ့မနား ညမနား ရှေ့ဆုံးမှဦးဆောင်လုပ်ကိုင်ပေးနေတဲ့ ပရဟိတမင်းသားကြီး ဖြစ်နေပါပြီလည်းဖြစ်ပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ဒါ့အပြင် အလှူအတန်းတွေကိုလည်း လက်မနှေးပဲ ရက်ရက်ရောရောလှူဒါန်းပေးတတ်သလို ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းတဲ့ သူပဲဖြစ်ပါတယ်။ယခုမှာလည်း ဦးကျော်သူက နှစ်စဥ်နှစ်တိုင်း တော်သလင်းလပြည့်နေ့ ရက်တွင်ပြုလုပ်တဲ့ မြတ်စွာဘုရားအား ရွှေသင်္ကန်းကပ်လှူခြင်းနဲ့ အခြားကောင်းမှုကုသိုလ်တွေကို ယခုနှစ်ကပ်ရောဂါ ကာလမှာလည်း မပျက်မကွက်အောင် ပြုလုပ်သွားမယ် ဆိုတာလေးကို အရင်နှစ်ကပြုလုပ်ခဲ့တဲ့ ကြည်နူးစရာပုံလေးတွေနဲ့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ဒီပုံလေးတွေနဲ့လည်း ဦးကျော်သူ က "၁-၁၀-၂၀၂၀ ရက်နေ့ ၊ကြာသပတေးနေ့၊တော်သလင်းလပြည့်နေ့ ရက်တွင် မြတ်စွာဘုရားအား ရွှေသင်္ကန်းကပ်လှူခြင်း၊ဂြိုလ်တိုင်ရှစ်ခွင်အားမေတ္တာပို့ဆုတောင်းခြင်း၊ရေသပ္ပါယ်ခြင်း၊နဂါးမင်းကြီးနှင့်အဘအောင်မင်းခေါင်အားဆွမ်းကပ်၊မေတ္တာပို့သခြင်းစသည့် ကောင်းမှုတော်များအား လွန်ခဲ့သည့်နှစ်ကာလများက ပြုလုပ်ခဲ့သလို ယခုနှစ် ကိုဗစ်ကာလတွင်လည်းမပျက်မကွက် နာကူရန်ကုန် အသင်းရှိမိမိ၏ရုံးခန်းတွင်းတွင်လည်းမေတ္တာပို့ပူဇော်ကန်တော့ပွဲပြုလုပ်ခဲ့ပါတယ်...ဤပြုခဲ့သမျှကောင်းမှုအစုစု အမျှ အမျှ အမျှယူတော်မူကြပါကုန်သော်...သာဓု သာဓု သာဓု..ပြည့်ပြည့်ဝဝ အလုံးစုံ ဆန္ဒများပြည့်ဝကြပါစေကုန်သော် " ဆိုပြီးရေးသားဖော်ပြထားပါတယ်နော်..။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

Photo Credit - Kyaw Thu fb account

Source - Kyaw Thu fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။