အဆိုတော် ယုဇနကတော့ သူများတွေနဲ့မတူဘဲ ထူးခြားပြီး ဆွဲငင်အားပြင်းတဲ့အသံပါဝါမျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဝါရင့်အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ ယုဇနက နားဆင်သူပရိသတ်တွေရဲ့ရင်ကိုထိမှန်စေလောက်အောင် သီချင်းကောင်းလေးတွေကို သီဆိုနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ် ။ ယုဇနရဲ့ထွက်ရှိခဲ့သမျှ သီချင်းတွေအားလုံးကလည်း ပရိသတ်တွေကြားမှာ နှစ်အတော်ကြာအောင် ရေပန်းစားလူကြိုက်များနေဆဲ ဖြစ်ပါတယ် ။

Photo Credit-Yuzana's FB Acc
Photo Credit-Yuzana's FB Acc
Photo Credit-Yuzana's FB Page

ပြီးခဲ့တဲ့လပိုင်းကလည်း ယုဇနက "အဆိပ်သင့်ဆူး" ဆိုတဲ့ သီချင်းဗီဒီယိုလေးကိုရိုက်ကူးပြီး ပရိသတ်တွေအတွက် မျှဝေပေးခဲ့သေးတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ယုဇနက ချစ်ရတဲ့ခင်ပွန်းနဲ့အတူ နှစ်ကိုယ်တူဘဝလေးမှာ ပျော်ရွှင်စွာနေထိုင်နေတာ ဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီး ကိုယ်ပိုင်ဘဝလေးတစ်ခုကို တည်ဆောက်ထားတဲ့ ယုဇနက မကြာခဏဆိုသလို ကြည်နူးစရာပုံရိပ်လေးတွေကို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit-Yuzana's FB Page
Photo Credit-Yuzana's FB Page
Photo Credit-Yuzana's FB Page
Photo Credit-Yuzana's FB Page

အခုလည်း ယုဇနက " အိမ်ထောင်ကျပြီး ပြည်ပမှာနေခဲ့တုန်းကပုံလေးတွေပါ" ဆိုပြီး အမှတ်တရပုံလေးတွေကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။ ဒီပုံလေးတွေကတော့ ချစ်ခင်ကြင်နာမှုအပြည့်နဲ့ ပျော်ပျော်ပါးပါး ရိုက်ကူးခဲ့တဲ့ ယုဇနတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ် ။ ကဲ အိမ်ထောင်ကျပြီး နိုင်ငံခြားမှာ နေထိုင်ခဲ့စဥ်က ယုဇနတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Yuzana's FB Page

Photo Credit-Yuzana's FB Page
Photo Credit-Yuzana's FB Page
Photo Credit-Yuzana's FB Page
Photo Credit-Yuzana's FB Page
Photo Credit-Yuzana's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။