အဆိုတော်နိုင်းဝမ်းကတော့ လူငယ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။နိုင်းဝမ်းက မကြာတော့မယ့်အချိန်မှာလည်း ချစ်သူလေးနဲ့အတူ ဘဝတစ်ခုကိုတည်ဆောက်တော့မှာဖြစ်ပါတယ်။နိုင်းဝမ်းရဲ့ချစ်သူလေးကလည်း နားလည်မှုအပြည့်ရှိပြီး အစစအရာရာဂရုစိုက်စောင့်ရှောက်ပေးတဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account

နိုင်းဝမ်းကတော့ ချစ်သူလေးကိုလည်း မိသားဖသားပီပီတောင်းရမ်းခဲ့တာဖြစ်ပါတယ်နော်။နိုင်းဝမ်းက အခုလတ်တလောမှာဆိုရင် ရောဂါဟောင်းကလည်းပြန်ဖြစ်နေတာကြောင့် ဆေးရုံပြနေရတာဖြစ်ပြီး သူရဲ့ချစ်သူလေးကလည်း ဘေးကနေတစ်ချိန်လုံးစောင့်ရှောက်ပေးပါတယ်။အခုလိုကိုဗစ်ကာလမှာတော့ နိုင်းဝမ်းက သူတတ်နိုင်သလောက်ကိုလှူဒါန်းပြီး တစ်ထောင့်တစ်နေရာကနေပါဝင်နေတာဖြစ်ပါတယ်။

Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account

အခုဆိုရင်လည်း နိုင်းဝမ်းက"ဒီကနေ့ Volunteer အနေနဲ့ Nine_Covid_Team နဲ့အတူ သင်္ဃန်းကျွန်းဆေးရုံကြီးမှာ ကိုဗစ်လူနာများနဲ့အဓိကထိတွေ့ခဲ့ရလို့ Quarantineဝင်နေကြရပြီး ဆေးစစ်ချက် Negative ဖြစ်လို့ ပြန်လည်တာဝန်ထမ်းဆောင်ကြတော့မှာဖြစ်တဲ့ ရှေ့တန်းမှကျန်းမာရေးဝန်ထမ်းများထံသို့ စားစရာလက်ဆောင်တွေပေးရင်း သွားရောက်အားပေးစကားပြောဖြစ်ခဲ့ပါတယ်...အားလုံးပဲ ရောဂါကပ်ဆိုးမှလွတ်မြောက်ကြပါစေ"လို့ ရေးသားထားပြီး သူ့ရဲ့အဖွဲ့သားတွေနဲ့ အတူတူသွားခဲ့ကြတဲ့ ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account

Source&Photo Credit:Kyaw Zin Latt's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။