ချစ်ပရိသတ်ကြီးရေ တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အမြဲဖက်ရှင်ကျနေတတ်တဲ့ ပိုင်တံခွန်ကတော့ ကောင်မလေးတွေကြားမှာ နာမည်ကြီးနေသူလေးဖြစ်ပြီး ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနှပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ ဆယ်ကျော်သက် မိန်းမလှလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။အလုပ်ကြိုးစားတဲ့ ပိုင်တံခွန်က သူရဲ့မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလေးတစ်ယောက် ဖြစ်ပါတယ်။

Photo Credit : Paing Takhon Facebook Page
Photo Credit : Paing Takhon Facebook Page

ခုကာလလေးမှာတော့ ပိုင်တံခွန်က Stay Homeရင်း သူချစ်တဲ့ကြောင်လေးတွေခွေးလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျောမှာဆွဲပြတဲ့ပုံကို ပုံတူလိုက်ဆွဲခိုင်းပြီးရှုံးတဲ့သူ သန့်ရှင်းရေးလုပ်ကြေးလောင်းကာ စနောက်ဆော့ထားတဲ့ အခွီဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးဟာ အချိန်ခဏလေးတွင်းမှာပဲ ကြည့်ရှုသူများပြားခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Paing Takhon Facebook Page
Photo Credit : Paing Takhon Facebook Page

ဗီဒီယိုလေးထဲမှာ ပိုင်တံခွန်တစ်ယောက် ရယ်နေရသလို ချစ်စရာကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ကြော်ငြာတွေများစွာ ရိုက်ကူးရပြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်ကိုညို့ယူထားတာ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးအတွက် ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Paing Takhon Facebook Page
Photo Credit : Paing Takhon Facebook Page

Source & Photo Credit : Paing Takhon Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။