ပရိသတ်ကြီးရေ....အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားများနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာအချိန်အတော်ကြာ နေရာယူထားတဲ့မင်းသားချောကြီးပါ။

Photo credit-Nyi Nanda's Facebook acc
Photo credit-Nyi Nanda's Facebook acc

ညီနန္ဒဟာ အခုလက်ရှိမှာဆိုရင်ရုပ်သံဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးလာတဲ့သူဖြစ်ပြီး အနုပညာအရည်အချင်းပြည့်၀တဲ့သူ‌လည်းဖြစ်ပြီး လက်ရှိပြသနေတဲ့ တို့မမနဲ့တို့ဇာတ်လမ်းတွဲမှာလည်း ပါ၀င်သရုပ်ဆောင်ထားတာပါနော်။ ဒါ့ပြင်ညီနန္ဒဟာ အခုလတ်တလောမှာဆိုရင် ထောပတ်ထမင်းကို ကိုယ်တိုင်ချက်ပြီးရောင်းချပေးနေတာဖြစ်ပြီး ကိုနန္ဒထောပတ်ထမင်းဆိုတဲ့ နာမည်လေးနဲ့အောင်မြင်စွာရောင်းချပေးနေတာပဲဖြစ်ပြီး မိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်နေတာပါ။

Photo credit-Nyi Nanda's Facebook acc
Photo credit-Nyi Nanda's Facebook acc

ဒီနေ့ အောက်တိုဘာလ ၁ရက်နေ့လေးကတော့ ညီနန္ဒရဲ့ ဇနီးချောလေးမွေးနေ့ဖြစ်ပါတယ်။ ဒီအကြောင်းလေးကိုညီနန္ဒဟာ သူ့ရဲ့Facebookစာမျက်နှာမှာ "1.10.20Happy Birthday ပါ အစားထိုးမရတဲ့ မရှိမဖြစ် အချစ်ဆုံး​ရေ...ပါရမီဖြည့်ဖက်​ကောင်းတစ်​ယောက်အဖြစ် အခုချိန်ထိရှိ​နေ​ပေးတဲ့အတွက် ပိုပိုပြီးချစ်​နေရတာပါ...ဘဝရဲ့လက်ကျန်အချိန်တွေမှာ အမြဲတမ်းစိတ်ချမ်းသာအောင်ထားပါ့မယ်"' ဆိုတဲ့"'ဂတိ"' ကို မွေး​နေ့လက်​ဆောင်အဖြစ် တစ်သက်လုံးသိမ်းထား​ပေးပါ..." ဆိုပြီးကြည်နူးစရာမွေးနေ့ဆုတောင်းလေးနဲ့ မွေးနေ့လက်ဆောင်လေးအကြောင်းကိုရေးသားထားတာပါ။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nyi Nanda's Facebook acc
Photo credit-Nyi Nanda's Facebook acc

Source-Nyi Nanda's Facebook acc

Photo credit-Nyi Nanda's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။