ချစ်ရတဲ့ ပရိသတ်ကြီးရေ... အနုပညာလမ်းကြောင်းထက်ကို လျှောက်လှမ်းလာခဲ့တာ မကြာသေးပေမယ့် အောင်မြင်မှုအသင့်အတင့်ရရှိကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရသူလေးကတော့ သရုပ်ဆောင် ဝေလာရီပဲ ဖြစ်ပါတယ်။ ယနေ့ အောက်တိုဘာလ ၁ရက်နေ့လေးကတော့ သူမရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မွေးနေ့လေးကို အလှူဒါနတွေပြုလုပ်ပြီး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Wai Lar Ri's Facebook account
Photo credit - Wai Lar Ri's Facebook account

ဝေလာရီက " မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့ ဝေ့ မွေးနေ့ အလှုအတွက် ဖောင်ကြီး Covid -19 ကုသရေးဌာန သို့ သွားရောက်ပြီး ... Gold Roast ကော်ဖီမစ် Packing 180 ထုပ် , Coolte မုန့် packing 130 ထုပ် , Pep နို့ဘူး 250 ဘူး , Pure Plus Hand Gel 350 ဘူး , Jasmine သောက်ရေသန့် ဘူး 400 ကျော် , Ve Ve အချိုရည် ဘူး 300 တို့ကို လှုဒါန်းခဲ့ပါတယ် ရီမာ ပရဟိတကျောင်း ကိုလည်း ဆန် , ဆီ , Jasmine သောက်ရေသန့် , မုန့် , VeVe အချိုရည် , Pep နို့ဘူး , Pure Plus Hands Gel တို့ကို သွားရောက်လှုဒါန်းခဲ့ပါတယ် ရှင် ပါဝင်လှုဒါန်းပေးကြတဲ့ လုပ်ငန်းရှင်များအားလုံးနဲ့တကွ ၇ ရက်သားသမီး များအားလုံး ကုသိုလ် ထပ်တူရပါစေ " ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားတာပါ။

Photo credit - Wai Lar Ri's Facebook account

စာသားလေးတွေအပြင် ဝေလာရီရဲ့ ကိုယ်တိုင်ပစ္စည်းတွေသယ်ကာ သွားရောက်အလှူပြုနေတဲ့ ပုံလေးတွေက ကြည့်မိသူပရိသတ်တိုင်း အချစ်ပိုစေတာဖြစ်ပြီး တကယ်လိုအပ်နေသူတွေကို လှူဒါန်းတာဖြစ်လို့ ကြည်နူးပီတိဖြစ်မိမှာ အသေအချာပါပဲနော်။ ကဲ....ချစ်ရတဲ့ ပရိသတ်တွေကလည်း ဝေလာရီရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကိုကြည့်ပြီး Commentမှာ မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ပါအုန်းနော်.......။

Photo credit - Wai Lar Ri's Facebook account
Photo credit - Wai Lar Ri's Facebook account
Photo credit - Wai Lar Ri's Facebook account

Source & Photo credit - Wai Lar Ri's Facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။