ပရိသတ်ကြီးရေ သရုပ်ဆောင်ဘုန်းလျှံကတော့ အချုပ်အနှောင်ကနေ လွတ်မြောက်လာပြီးနောက်ပိုင်းမှာ အလှူအတန်းတွေများစွာကို ချစ်ခင်ရင်းနှီးရတဲ့သူတွေနဲ့ အတူတူလုပ်ဆောင်နေတာဖြစ်ပါတယ်။အခုလိုကိုဗစ်ကာလမှာဆိုရင်လည်း ဘုန်းလျှံက တတ်နိုင်သလောက်ကို အမြဲလှူဒါန်းနေတာဖြစ်ပါတယ်။ဘုန်းလျှံက နားလည်မှုအပြည့်ရှိပြီးဂရုစိုက်ပေးတတ်တဲ့ ချစ်သူကောင်းတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်။

Photo Credit:Bhone Hlan's Facebook Account
Photo Credit:Bhone Hlan's Facebook Account

ဘုန်းလျှံတို့ချစ်သူနှစ်ယောက်က အေးအတူပူအမျှနဲ့ လက်တွဲကြပြီး ဘယ်အရာမဆို စိတ်တူကိုယ်တူရှိကြပါတယ်နော်။အခုလိုကိုဗစ်ကာလမှာလည်း ဘုန်းလျှံတို့ချစ်သူနှစ်ယောက်က ထိုင်းအစားအစာဖြစ်တဲ့ "ငါးပါတူး"ကို ရောင်းနေကြတာဖြစ်ပါတယ်။ဘုန်းလျှံကို ချစ်ခင်အားပေးကြတဲ့သူတွေကလည်း သူ့ရဲ့လက်ရာကို စားဖူးချင်ကြလို့ မှာယူစားသုံးကြပါတယ်နော်။

Photo Credit:Bhone Hlan's Facebook Account
Photo Credit:Bhone Hlan's Facebook Account
Photo Credit:Bhone Hlan's Facebook Account

အခုဆိုရင်‌လည်း နေမျိုးအောင်တို့ဇနီးမောင်နှံနဲ့ မေကဗျာတို့က ဘုန်းလျှံဆီကနေ "ငါးပါတူး"ကို မှာယူအားပေးကြတာဖြစ်ပါတယ်။ဘုန်းလျှံကလည်း"ကျေးဇူးတင်ပါတယ်...ကိုနေမျိုးအောင်နဲ့မေကဗျာရေ...ငါးပါတူးမှာစားပေးတဲ့အတွက်."ဆိုပြီး ကျေးဇူးတင်စကားဆိုထားတာဖြစ်ပါတယ်။နေမျိုးအောင်နဲ့မေကဗျာတို့အိမ်ကိုအရောက်သွားပြီး ဘုန်းလျှံက အစားအသောက်ပို့ပေးကာ အမှတ်တရဓာတ်ပုံလေးလည်း အတူတူရိုက်လာတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Bhone Hlan's Facebook Account
Photo Credit:Bhone Hlan's Facebook Account

Source&Photo Credit:Bhone Hlan's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။