မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ကြော်ငြာလေးတွေ မနားတမ်းရိုက်ကူးနေရတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်လေးတစ်ယောက်ပါနော်။ အစပိုင်းမှာ ဖြူဖြူထွေးက ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကို ခံခဲ့ရပေမယ့် ပရိသတ်တွေလက်ခံအားပေးလာအောင် ကြိုးစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုဆိုရင် ဖြူဖြူထွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရသလို ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ မိဘနှစ်ပါးကိုလုပ်ကျွေးပြုစုနိုင်ပြီလည်း ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc & Amazing Grace
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ပျော်နေတတ်တာကြောင့်ပဲ လူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဖန်တီးပေးလေ့ရှိတဲ့ ဖြူဖြူထွေးက သူမရဲ့ကြော်ငြာလေးတွေမှာလည်း ဟာသပြက်လုံးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် သရုပ်ဆောင်ပြတတ်တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဖြူဖြူထွေးက အိမ်မှာနေရင်း မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

Tik Tok ကစားတဲ့နေရာမှာ ထူးချွန်တဲ့ ဖြူဖြူထွေးက အခုလည်း အမိုက်စားဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါသေးတယ်။ ဒီတစ်ခါမှာတော့ ဖြူဖြူထွေးက မျက်စိတစ်မှိတ်အတွင်းမှာတင် အလန်းစားပုံစံလေးဖြစ်သွားအောင် အင်္ကျီပြောင်းပြလိုက်တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's FB Acc
@phyuhtwe777

som original - sofia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။