ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကြောင့် အနုပညာလောကမှာ အချိန်တိုအတွင်း နေရာတစ်ခု ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သံစဉ်မောင်ပဲ ဖြစ်ပါတယ်။ သူမဟာ ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ရုံတင်မကဘဲ သီချင်းဆိုရာမှာလည်း အသံကောင်းလွန်းသူ တစ်ယောက်ပါ။ အစ်မဖြစ်သူ ဘေဘီမောင်နဲ့အတူ အနုပညာအလုပ်တွေကို အတူတူ လုပ်ကိုင်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Than Sin Maung’s Facebook Account
Photo Crd- Than Sin Maung’s Facebook Account
Photo Crd- Than Sin Maung’s Facebook Account

သူမဟာ မိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာသူ တစ်ယောက်ဖြစ်တာကြောင့် အားလုံးရဲ့ ချီးကျုးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ လတ်တလော Stay Home ကာလမှာတော့ အိမ်မှာဘဲ အနားယူ အပန်းဖြေနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Than Sin Maung’s Facebook Account
Photo Crd- Than Sin Maung’s Facebook Account
Photo Crd- Than Sin Maung’s Facebook Account

ဒါကတော့ ကိုယ်တိုင်ထမင်းနယ်ကာ ခွံ့ကျွေးနေတဲ့ ချစ်မေမေကြောင့် ကြည်နူးပျော်ရွှင်နေပြီး ဗီဒီယိုလေးရိုက်ကာ မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။ သူမကလည်း " တစ်လုပ် တစ်လုပ်နဲ့ တစ်ပန်းကန် ကုန်တော့မယ် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Than Sin Maung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။