ပရိသတ်တွေကြီးရေ မော်လ်ဒယ်မင်းသားချောလေးတိုင်ရွန် က ယောကျာ်းပီသတဲ့ အမိုက်စား body အပြင် တည်ကြည်ခန့်ညားမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအားပေးဝန်းရံခြင်းခံနေရတဲ့ သူပဲဖြစ်ပါတယ်။ တိုင်ရွန် က ကြော်ငြာတွေနဲ့ Photo Shooting တွေကိုဆက်တိုက်ရိုက်ကူးနေရပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ လက်ရှိမှာတော့ တိုင်ရွန်ဟာ အနုပညာလောကမှာ အချိန်အတိုတွင်း နေရာတစ်ခုကို ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit - Tyron Bejay fb account
Photo Credit - Tyron Bejay fb account
Photo Credit - Tyron Bejay fb account
Photo Credit - Tyron Bejay fb account

လတ်တလော ကပ်ရောဂါ ကူးစက်ပြန့်ပွာ့နေတဲ့ အချိန်လေးမှာတော့ တိုင်ရွန်က ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ နိုင်ငံအတွက် တတ်နိုင်သလောက် တစ်ထောင့်တစ်နေရာကနေကူညီရအောင် မကြာသေးမှီရက်ပိုင်းလောက်ကနေစပြီး ပိုးတွေ့လူနာတွေရဲ့ နေအိမ်နဲ့ ပတ်ဝန်းကျင်တွေကို ပိုးသတ်ဆေးလိုက်ဖြန်းပေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ယခုမှာလည်း သူ့ရဲ့ တစ်နေ့တာဖြတ်သန်းခဲ့ရတဲ့ ပုံရိပ်လေးတွေနဲ့ ကြည်နူးစရာ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Tyron Bejay fb account
Photo Credit - Tyron Bejay fb account
Photo Credit - Tyron Bejay fb account
Photo Credit - Tyron Bejay fb account

ဒီပုံလေးတွေနဲ့လည်း တိုင်ရွန် က "ယနေ့ကတော့ ကျောက်တံတားမြို့နယ် (၃၈) လမ်း အပေါ်၊အလယ်၊အောက် ဘလောက် နှင့် အလုံမြို့နယ် မြို့မရဲစခန်း၊ ဌာနာ ရဲလိုင်းခန်း၊ Lockdown ချရသော အိမ်များ ပြန်လည်ဖွင့်ခွင့်ရသောတိုက်များအား ဆေးဖြန်းဆောင်ရွှက်ပေးခဲ့ပါတယ်...အားလုံးကျန်းမာကြပါစေ..နေ့လည်စာအတွက် ဒံပေါက် ဝယ်ကျွေးတဲ့ ကို Aung Thet Oo ကိုလဲကျေးဇူးပါ ...ဆေးဖြန်းဖို့ အကူအညီတောင်းခံမှုများကိုလည်း လက်ခံ ကူညီပေးသွားမှာဖြစ်ပါတယ်...အကူအညီတောင်းခံမှုမှာ မိမိတို့ မြို့နယ် လမ်း/ရပ်ကျေး လူကြီးများ၏ ခွင့်ပြုချက် ရယူပြီးမှသာ လာရောက်ကူညီပေးမည်ဖြစ်ပါတယ်" ဆိုပြီး သူ့ရဲ့ Facebook account မှာရေးသားဖော်ပြထားပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ တစ်နေ့တာအချိန်တွေကို တန်ဖိုးရှိရှိ ဖြတ်သန်းနေတဲ့ တိုင်ရွန် ရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Video & Photo Credit - Tyron Bejay fb account

Source - Photo Credit - Tyron Bejay fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။