Screenshoot of liquipedia

မနေ့က စက်တင်ဘာလ 30 ရက်နေ့မှာ​တော့ dota 2 လောကထဲက player တစ်ယောက် အသက်ဆုံးပါးသွားခဲ့ပါတယ်။

သူ့နာမည်ကတော့ Flow ဖြစ်ပြီး အသက်အားဖြင့်တော့ 25 နှစ်အရွယ်သာရှိပါသေးတယ်။

Flow ဟာ ကင်ဆာရောဂါကို ပြီးခဲ့တဲ့ 2018 ခုနှစ် ဇန်နဝါရီလထဲက စတင်ခံစားခဲ့ရတာဖြစ်ပြီးအကောင်းဆုံးကုသမှုတွေခံယူကာ သူစွဲလမ်းရူးသွပ်ရတဲ့ competitive scene ပေါ်ကိုရောက်အောင်ပြန်လာခဲ့ပါတယ်။

အဲ့အချိန်လောက်က Flow ဟာ Double Dimension မှာကစားနေခဲ့တာဖြစ်ပြီး သူ့ရဲ့ကျန်းမာရေးမကောင်းပေမယ့် အိမ်မက်ကို လုံးဝလက်မလျော့ခဲ့ပါဘူး။

အဲ့ဒီနောက်မှာတော့ Flow ဟာ Vega Squadram , Freelancers နဲ့နောက်ဆုံး FlyToMoon မှာ 2019 ခုနှစ် 11 လပိုင်း 18 ရက်နေ့ထိကစားပြီးနောက် competitive scene ပေါ်ကနေ ပြောက်ကွယ်သွားခဲ့ပါတယ်။

ယခု 2020 ခုနှစ်ထဲမှာတော့ Flow ရဲ့ကျန်းမာရေးဟာ အရင်ကထက်ဆိုးရွားလာခဲ့ပြီး နောက်ဆုံး ကင်ဆာရောဂါကို လက်မြှောက်အရှုံးပေးကာ

သူ့ရဲ့အိမ်မက်တွေ ၊ မိသားစုဝင်တွေအားလုံးကို ထားခဲ့ပြီး ငြိမ်းချမ်းစွာ အနားယူသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Rest in peace Flow. ..........

Source - vpesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။