ပရိသတ်ကြီးရ ချစ်သုဝေကတော့ အခုလိုကိုဗစ်ကာလမှာ သူမတို့ဖောင်ဒေးရှင်းကနေပြီး အလှူရှင်တွေနဲ့အတူ ဝိုင်းဝန်းပြီးလှူဒါန်းနေတာဖြစ်ပါတယ်နော်။ချစ်သုဝေကလည်း ကလေးနှစ်ယောက်နဲ့အလှုပ်ရှုပ်ပေမယ့်လည်း ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။ချစ်သုဝေနဲ့လင်းလင်းတို့ဇနီးမောင်နှံနှစ်ယောက်လုံးက အလှူအတန်းဆိုရင် အရမ်းရက်ရောကြတာဖြစ်လို့ အမြဲလှူဒါန်းနေကြတာပါနော်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account

ချစ်သုဝေက ကိုဗစ်ကာလအတွင်းမှာ ချစ်ပရိသတ်တွေကို ကျန်းမာရေးဗဟုသုတတွေလည်း မျှဝေပေးလေ့ရှိပါတယ်နော်။အခုဆိုရင်လည်း ချစ်သုဝေက ဗဟိုအမျိုးသမီးဆေးရုံကို လှူဒါန်းဖို့အတွက် ပစ္စည်းတွေကို သေချာထုပ်ပိုးပြင်ဆင်နေတာဖြစ်ပါတယ်။ချစ်သု‌ဝေကတော့ မမောနိုင်မပန်းနိုင်ဘဲ ပီတိကိုစားပြီး တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account

ချစ်သုဝေက"ဒီနေ့ ဗဟိုအမျိုးသမီးဆေးရုံ၊ NOGH၊ COVIDဆေးရုံတာဝန်ကျဆရာဝန်တွေအတွက် အားလုံးစီစဥ် ပို့ဆောင်ပေးနိုင်ခဲ့..မနက်ဖြန်လှူဖို့ လိုအပ်ပစ္စည်း တွေစုစည်း...ဒီနေ့ စိတ်ပင်ပန်းတာအမှန်...အဲ့တော့ ဆုချပစ်လိုက်တယ် ကိုယ့်ကိုယ်ကိုယ်(ကျောက်ကျောတွေအပင်ပန်းခံထိုးမိတာ ပြောပါတယ်)"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ကိုဗစ်ကာလမှာ တစ်တပ်တစ်အားပါဝင်နေတဲ့ ချစ်သုဝေရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account

Source&Photo Credit:Chit Thu Wai's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။