ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဦးကျော်သူကတော့ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး ပရဟိတအလုပ်တွေကိုသာ စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာလည်း မင်းသား၊မင်းသမီးတစ်ချို့က ပါဝင်ပြီးပရဟိတအလုပ်တွေမှာ ဝန်းရံပေးတာဖြစ်ပါတယ်နော်။ဦးကျော်သူကလည်း လိုအပ်တဲ့နေရာတွေကို သူကိုယ်တိုင်သွားရောက်ပြီး ကူညီပေးနေကျဖြစ်ပါတယ်။

Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account

အခုလိုကိုဗစ်ကာလမှာဆိုရင်လည်း ဦးကျော်သူတို့ ပရဟိတအဖွဲ့က တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါဝင်ကြပါတယ်နော်။အခုဆိုရင်တော့ ဦးကျော်သူတို့ဇနီးမောင်နှံက အခြေခံလူတန်းစားတွေအတွက် ကိုယ်ပိုင်ချွေးနည်းစာနဲ့ဆန်အိတ်တွေမှာယူပြီး လူတိုင်းကို ဝေငှပေးခဲ့တာဖြစ်ပါတယ်။ဦးကျော်သူတို့ဇနီးမောင်နှံကလည်း ဆန်တွေကို ကိုယ်တိုင်ထုပ်ပိုးပြီး အစ၊အဆုံးလုပ်ကိုင်တာကြောင့် လှူရတာလေးက ပိုပြီးပီတိဖြစ်စရာကောင်းပါတယ်နော်။

Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account

ဦးကျော်သူကတော့"ကိုယ်ပိုင်ချွေးနည်းစာဖြင့် ကိုယ်တိုင်မှာ၊ကိုယ်တိုင်ထည့်၊ကိုယ်တိုင်ထုပ်ပိုးပြီးလှူရတဲ့ ဆန်ပီတိပါဗျာ။ကိုဗစ်ကာလအတွင်း ဝမ်းရေးအဆင်ပြေစေဖို့အတွက် မိသားစုအလှူအဖြစ် ရုပ်ရှင်သရုပ်ဆောင်ကိုကျော်ထူး ထံမှ ဆန်အိတ်၂၈အိတ်မှာယူပြီး မရမ်းကုန်းမြို့နယ်၊၅ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစားမိသားစု (၁၃၈) စု၊လူဦးရေ (၆၀၀) ကျော်တို့ အား လူတစ်ဦးလျှင် ဆန်တစ်ပြည်ကျ ဝေငှလှူဒါန်းပေးခဲ့ပါသည်။ပြည်သူလူထုတို့၏ ဝမ်းသာအားရဆုတောင်းပေးသံတို့ကို တဆင့်ပြန်ကြားရ၍ များစွာပီတိဖြစ်မိပါသည်။ကျန်းမာချမ်းသာ၍ ကပ်ဘေးဒုက္ခမှလွတ်မြောက်ကြပြီး သောကကင်းဝေးငြိမ်းချမ်းစွာ ဆန္ဒမဲများပေးနိုင်ကြပါစေ။"ဆိုပြီး ရေးသားမျှဝေလာပါတယ်နော်။

Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account

Source&Photo Credit:Kyaw Thu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။