သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ သူမဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများ လက်မလည်အောင် ရိုက်ကူးခဲ့ရရုံသာမကဘဲ မြန်မာအကကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ကနိုင်သူတစ်ယောက် ဖြစ်တာကြောင့် နှင်းဆီအငြ်မ့် ပွဲတိုင်းမှာ ပင်တိုင်အငြိမ့်မင်းသမီး တစ်လက်အဖြစ် ကပြဖျော်ဖြေနေရတာပဲ ဖြစ်ပါတယ်။

Photo Crd- Moe Yu San’s Facebook Account
Photo Crd- Moe Yu San’s Facebook Account
Photo Crd- Moe Yu San’s Facebook Account

သူမဟာ လက်ရှိမှာလည်း ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာလည်း နောက်ထပ်ရင်သွေးလေးတစ်ယောက် လူ့လောကထဲကို ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် မိုးယုတို့ ဇနီးမောင်နှံနှစ်ယောက်လုံး ကြည်နူးပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ မိုးယုဟာ Stay Home ကာလလေးမှာတော့ သားလေးနဲ့အတူ အချိန်ပေးကာ ဆော့ကစားပေးဖြစ်နေတာလည်း ဖြစ်ပါတယ်။

Photo Crd- Moe Yu San’s Facebook Account
Photo Crd- Moe Yu San’s Facebook Account
Photo Crd- Moe Yu San’s Facebook Account

သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း အမြဲဝေမျှပေးလျက်ရှိရာ အခုတစ်ခါမှာလည်း မိုးယုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ခင်ပွန်းနဲ့သားဖြစ်သူနှစ်ယောက်လုံးအားကိုယ်တိုင်လက်စွမ်းပြကာ ကတုံးတုံးပေးလိုက်တာပဲ ဖြစ်ပါတယ်။ မိုးယုကလည်း " ညှပ်နေရင် ရှုပ်လို့ သားအဖနှစ်ယောက်ကို ကတုံးတုံးပေးလိုက်တယ် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Moe Yu San’s Facebook Account 

Photo Crd- Moe Yu San’s Facebook Account
Photo Crd- Moe Yu San’s Facebook Account
Photo Crd- Moe Yu San’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။