ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အောင်မြင်မှုတွေများစွာရရှိထားတဲ့ မင်းသမီးကြီး အကယ်ဒမီမို့မို့မြင့်အောင်ကတော့ မိခင်ဖြစ်သူကွယ်လွန်သွားလို့ စိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။
ရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင်၏ဇနီးဖြစ်ပြီး မို့မို့မြင့်အောင်ရဲ့ မိခင်ကြီး ဒေါ်သန်းရင် အသက်(၉၉)နှစ်ဟာ ဒီကနေ့ နေ့လည်(၁းဝ၅) မိနစ်ကပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်နော်..။
မိခင်ဖြစ်သူကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲနေရတဲ့အကြောင်းလေးကိုလည်း မေမွှေးက ပရိသတ်တွေကို အသိပေးပြောပြထားပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ အနုပညာရှင်တွေအပြင် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်နော်..။
မို့မို့မြင့်အောင်ရဲ့ မိခင်ကြီး ဒေါ်သန်းရင်ရဲ့ ကျန်ရစ်သော ရုပ်ခန္ဓာအား ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ၊(၁၆)ရပ်ကွက်၊ ပြည်တော်အေးလမ်းရှိ နေအိမ်မှ ရေဝေးသုသာန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား ရုပ်ရှင်သရုပ်ဆောင် ဇွဲလရောင်က နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်နော်..။
ကွယ်လွန်သူ ဒေါ်သန်းရင်ရဲ့ နောက်ဆုံးဈာပနအခမ်းအနားလေးကိုတော့ (၁.၁၀.၂၀၂၀) (ကြာသပတေးနေ့) မွန်းလွဲ(၃း၀၀)နာရီတွင် ရေဝေးသုသာန် ခန်းမ(၁/က)တွင် ကျင်းပပြုလုပ်မှာ ဖြစ်တဲ့အကြောင်းလေးကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်) က ပြောပြထားပါတယ်နော်..။
ကဲ ပရိသတ်ကြီးရေ.. ကွယ်လွန်သူရဲ့ နောက်ဆုံးခရီးလေးကို ဖေးမပို့ဆောင်ကူညီခဲ့တဲ့ နာကူအသင်းသားများရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေရင်း မေမွှေးရဲ့မိခင်ကြီးအတွက်လည်း ဆုတောင်းမေတျာတွေ ပို့သလိုက်ပါတယ်နော်..။
Source & Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။