ML ထဲမှာဆိုရင် ပရိသတ်ကြီး သိကြတဲ့အတိုင်း Mage တွေထဲမှာ Tank နီးပါမာတဲ့ Hero ဆိုလို့ တစ်ယောက်ပဲရှိပါတယ်။ ဟုတ်ပါတယ်...Alice ပဲဖြစ်ပါတယ်။ Tank အမည်ခံ Mage မဟုတ်ပဲ Mage စစ်စစ်တစ်ယောက်ဖြစ်ပါတယ်။ သူကို့ကိုင်ရတာ ဘာမှ ခတ်ခတ်ခဲခဲ တော့မရှိပါဘူး။ ပြီးတော့ Battle ဆိုင်လို့ကောင်းတဲ့ Hero တစ်ယောက်ပဲဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် သူ့ကိုကိုင်တဲ့သူတွေမှ အများကြီးပါပဲ...ခုမှသာ Hero အသစ်တွေပေါ်လာလို့သာ နေရာပျောက်ကုန်တာပါ။  

Skill 1 ကတော့ ချိန်းထားတဲ့နေရာကို Blood Stream ပစ်လိုက်ပြီး Magic Damage ထိစေကာ နောက်တစ်ချက် Skill ကိုထပ်နှိပ်လိုက်မယ်ဆိုရင်တော့ အဲ့အလုံးနေရာကို ရောက်ရှိသွားပါလိမ့်မယ်။ Skill 2 ကတော့ သုံးလိုက်ရင် အနီးအနားရှိရန်သူတွေကို ၁.၂စက္ကန့်ကြာအောင် ချုပ်လိုက်ကာ အဲ့နောက်မှာတော့ အချုပ်ခံရတဲ့သူတွေက ၇၀ရာခိုင်နှုန်း ရွှေ့လျားနှုန်း နှေးစေပါတယ်။ အနည်းဆုံး ဝ.၈စက္ကန့်ကြာပါတယ်။ Ultiကတော့ ၅စက္ကန့်လောက် သွေးတွေကိုစုပ်နေမှာဖြစ်ပြီး Magic Damageလဲထိစေကာ ဝ.၅စက္ကန်တိုင်း သွေးတွေပြန်တက်နေပါတယ်။ Hero တွေဆိုရင် သွေးတွေကို ၈၀ရာခိုင်နှုန်းပြန်တက်စေမှာဖြစ်ပြီး Heroမဟုတ်ပါက ၅၀ရာခိုင်နှုန်း လောက်ပဲသွေးတက်ပါတယ်။ 

Passive ကတော့ သူ့အနားမှာ Minions တွေသေတိုင်း သေးအလုံးလေးတွေရနေမှာဖြစ်ပြီး ၁လုံးချင်းစီက သူမရဲ့ သွေးကို၁၀တိုးစေပါတယ်။ ၁၂/၂၅/၅၀ ထိသွေးလုံးလေးတွေစုမိပါက ၁၀ရာခိုင်နှုန်း CD လျော့ချပေးပြီး ၁၀ ရာခိုင်နှုန်း Magic Life steal ရှိကာ ရွှေ့လျားနှုန်းကို ၄၀ထပ်တိုးစေပါတယ်။ အဲ့တော့ Battle ဆိုင်တော့မယ်ဆိုရင် Skill 1 ကိုသုံးပြီး ရန်သူကြားထဲဝင်ပါ...ပြီးရင် Skill 2 ကိုသုံးပြီး ချူပ်လိုက်ပါ။ အဲ့နောက်မှာတော့ Ultimate ကိုဖွင့်သုံးလိုက်ပါ....Battle ဆိုင်လို့ကောင်းပြီး ထွက်ပြေးလို့လဲကောင်းတဲ့ Heroပါပဲ။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။