ပရိသတ်ကြီးရေ.. သံသာဝင်းလို့ ဆိုလိုက်တာနဲ့ အနေအေးပြီး သီချင်းအေအေးကောင်းကောင်းလေးတွေကို အသံချိုချိုလေးနဲ့ သီဆိုတတ်တဲ့ ဂီတအနုပညာရှင် အဆိုတော်တစ်ဦးကို ပရိသတ်တွေ မြင်ယောင်မိမှာပါနော်..။

သံသာဝင်းကတော့ သူမရဲ့အနုပညာအလုပ်တွေအကြောင်း ပြောပြရင်း Covid ကာလနဲ့ပတ်သက်ပြီး အားပေးစကားလေးတွေလည်း ပြောပြလာပါတယ်နော်..။

Photo Credit - Than Thar Win's Fb Account
Photo Credit - Than Thar Win's Fb Account

Covid ရောဂါကူးစက်လာရင် ကိုယ်ဖြစ်ကိုယ်ခံမဟုတ်ဘဲ မိသားစုတွေကိုထိခိုက်စေတဲ့အတွက် ကိုယ်ကစပြီး ရောဂါသယ်တဲ့လူ မဖြစ်ဖို့ိုတဲ့အကြောင်းလေးနဲ့ တစ်ဦးတစ်ယောက်ချင်းစီက စပြီး ကျန်းမာရေးစည်းကမ်းတွေကို လိုက်နာသင့်တဲ့အကြောင်း ပြောပြထားတာပါ..။

"Covid ကာလကြာရှည်လာတဲ့အခါ ကိုယ့်ရဲ့မိဘတွေရှိမယ် မိသားစုဝင်တွေရှိမယ် သံသာဆို သမီးငယ်လေးရှိတယ် သူတို့ကို စိတ်ပူတယ် တကယ်လို့ ဒီရောဂါက ဖြစ်ခဲ့ရင် ကိုယ်ဖြစ်ကိုယ်ခံမဟုတ်ဘူးလေ ကိုယ်ဖြစ်ရင် ကိုယ်မိသားစု ပတ်ဝန်းကျင် ခံရတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင်ကတော့ ဒီရောဂါကို စပြီးသယ်ယူလာတဲ့လူ မဖြစ်ဖို့တော့ အရေးကြီးတာပေါ့ ကိုယ်ကာကွယ်နိုင်သလောက် ဂရုစိုက်နိုင်သလောက် ဂရုစိုက်ပေးရင် တစ်ယောက်ချင်းစီကနေ ဒီလိုဂရုစိုက်ကာကွယ်မယ်ဆိုရင် ရောဂါပြန့်ပွားမှုနှုန်းက မကြာခင် လျော့ကျသွားမယ်လို့ မျှော်လင့်ပါတယ် တစ်ဦးချင်းစီက စပြီးတော့ စည်းကမ်းလိုက်နာဖို့ လိုတယ်.." ဆိုပြီး ပရိသတ်တွေကို ဝေမျှပြောထားတာ ဖြစ်ပါတယ်..။

Photo Credit - Than Thar Win's Fb Account
Photo Credit - Than Thar Win's Fb Account

"Covid ကာလမှာ စိတ်ဓာတ်ကျတာတို့ တက်တာတို့ ကိုယ့်ကိုကိုယ် သံသယလူနာရှိတာတို့ မဖြစ်ပါဘူး ဒီရောဂါက ကိုယ့်တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့အတွက် ကိုယ်ကြုံလာတဲ့အခြေအနေပေါ်မှာ အကောင်းဆုံးဘယ်လိုရင်ဆိုင်ရမလဲ ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ စိတ်ကိုပဲ စဉ်းစားရမှာပေါ့လေ လောကကြီးက အဆိုးတွေကြီးပဲမဟုတ်သလို အကောင်းတွေကြီးပဲလည်း မဟုတ်ပါဘူး အတက်အကျရှိပါတယ် အဆိုးပြီးရင် အကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ နေပါတယ်.." ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

ကဲ.. ပရိသတ်တွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိပေးစကားလေးဆိုရင်း စည်းကမ်းလိုက်နာသင့်တဲ့အကြောင်းလေး ပြောပြထားတဲ့ သံသာဝင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်လိုက်ပါတယ်နော်..။

Photo Credit - Than Thar Win's Fb Account
Photo Credit - Than Thar Win's Fb Account

Photo Credit - Than Thar Win's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။