ပရိသတ်ကြီးရေ MRTV- 4 မင်းသမီးချောလေး မြတ်သူသူ ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေထဲမှာ ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျ နဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပိုမိုလူသိများခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြတ်သူသူဟာ ကြော်ငြာလေးတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာတွေ့ရပါတယ်။

Photo credit - Myat Thu Thu fb page
Photo credit - Myat Thu Thu fb page

မြတ်သူသူ ဟာ တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိရှိ ချစ်ဖို့ကောင်းနေတဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။ ဝတ်စားဆင်ယဥ်မှုမှာလည်း ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ် စမတ်ကျကျ ဝတ်ဆင်တတ်ပြီး လိုက်ဖက်နေတာတွေ့ရပါတယ်။ ယခုမှာလည်း မြတ်သူသူ က လွမ်းနေတဲ့ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo credit - Myat Thu Thu fb page
Photo credit - Myat Thu Thu fb page

ဒီပုံလေးတွေထဲမှာတော့ မြတ်သူသူ ဟာ ဆွဲဆောင်မှုရှိတဲ့ အလန်းစားဖက်ရှင်ဝတ်စုံလေးကို စမတ်ကျကျ ဝတ်ဆင်ထားပြီး အသည်းယားအပြုံးချိုချိုလေးတွေနဲ့ ပို့စ်ပေးထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေကတော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ " တို့မမနဲ့.... တို့ " ဇာတ်လမ်းထဲက အမှတ်တရ ပုံလေးတွေဖြစ်ပြီး ဒီပုံလေးနဲ့လည်း မြတ်သူသူ က" သင့်ကို ရယ်အောင်လုပ်နိုင်မယ့်သူနဲ့တွဲပါ သင့်ကို စိတ်ချမ်းသာအောင်ထားနိုင်မယ့်သူ ရှာပါ ဥမပါ - အသန်းလိုပေါ့ " ဆိုပြီး ရေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ရင်ခုန်စရာကောင်းတဲ့ အလန်းစားပုံလေးတွေနဲ့ ဖမ်းစားထားတဲ့ မြတ်သူသူ ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo credit - Myat Thu Thu fb page
Photo credit - Myat Thu Thu fb page

Photo credit - Myat Thu Thu fb page

Source - Myat Thu Thu fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။