ပရိသတ်ကြီးရေ.. အနုပညာလောကမှာ လူသိများအောင်မြင်နေတဲ့ အဆိုတော်ကျော်ကျော်နန္ဒကိုတော့ ချစ်ရတဲ့ပရိသတ်ကြီးတို့နဲ့ အထူးတလည်မိတိဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

ကျော်ကျော်နန္ဒကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး လတ်တလော Stay Home ကာလလေးမှာတော့ အနုပညာအလုပ်တွေ ရပ်နားထားရပြီး အိမ်မှာနေရင်းနဲ့ပဲ ပရိသတ်တွေကျန်းမာကြစေဖို့ ဆုတောင်းစကားလေး ဆိုထားပါတယ်နော်..။

Photo Credit - Kyaw Kyaw Nada's Fb Account
Photo Credit - Kyaw Kyaw Nada's Fb Account

ကျော်ကျော်နန္ဒကတော့ (၂၀၂၀)ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ့်နိုင်ငံကောင်းစားဖို့ တကယ်လုပ်နိုင်တဲ့ပါတီကို မဲထည့်မယ့်အကြောင်းလေး ပြောုပလာပါတယ်နော်..။

"အဓိကမဲထည့်တာကတော့ ဘယ်သူဘယ်ဝါကြောင့်ရယ်လို့ မဟုတ်ဘူး ကိုယ်နိုင်ငံကောင်းစားမယ် ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်မယ် ကိုယ့်ရဲ့နောင်လာနောင်သားတွေ ကောင်းစားမယ်ဆိုတဲ့ အချက်တွေကြည့်ပြီးတော့ တကယ်လုပ်နိုင်မယ့် ပါတီကို မဲထည့်တာပါ.." လို့ ပြောပြထားတာပါ..။

Photo Credit - Kyaw Kyaw Nada's Fb Account
Photo Credit - Kyaw Kyaw Nada's Fb Account

"၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီအားသာမလဲဆိုတာ အားလုံးမြင်တွေ့နေကြတဲ့အတိုင်းပဲလေနော်.. လူတိုင်းသိပြီးသားဖြစ်မှာ အဲ့အတွက်တော့ ထွေထွေထူးထူး ပြောရာ မရှိပါဘူး ကိုယ့်စိတ်ထဲမှာရှိတဲ့ ပါတီကိုပဲ မဲထည့်မှာပါ.." ဆိုပြီးတော့လည်း ကျော်ကျော်နန္ဒက ပြောပြထားပါသေးတယ်..။

ကဲ.. (၂၀၂၀)ရွေးကောက်ပွဲအတွက် မဲဆန္ဒနဲ့ပတ်သက်ပြီး ပြောပြထားတဲ့ ကျော်ကျော်နန္ဒရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Kyaw Nada's Fb Account
Photo Credit - Kyaw Kyaw Nada's Fb Account

Photo Credit - Kyaw Kyaw Nada's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။