သရုပ်ဆောင်မို့မို့မြင့်အောင်ကတော့ အကယ်ဒမီဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ ယခုမှာတော့ ရန်အောင် ၊ရဝေအောင်နဲ့ တစ်ခြားသောအနုပညာရှင်တွေဟာ အသက်၉၉နှစ်ရှိပြီဖြစ်ပြီး ယနေ့မှာကွယ်လွန်သွားတဲ့ မို့မို့မြင့်အောင်ရဲ့မိခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ မို့မို့မြင့်အောင်ရဲ့ မိခင်ဖြစ်သူဟာယနေ့ နေ့လည်၁နာရီ၅မိနစ်မှာ လူကြီးရောဂါနှင့်ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။

photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page

ရဝေအောင်ကတော့ " အမ နဲ့ ဘုတ်ဘုတ်ရေ ဖွါးမာမီ သတင်းကြားတာ တကယ်ထပ်တူဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်ဖွါးမာမီကောင်းရာသုဂတိ လားပါစေ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ရန်အောင်ကတော့ " ချစ်ရတဲ့အစ်မ မမို့(မို့မို့မြင့်အောင်)ရဲ့မွေးမိခင်ကြီးယနေ့ နေ့လည်၁နာရီ၅မိနစ်မှာ လူကြီးရောဂါနှင့်ဆုံးပါးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ် "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page

ရန်အောင်ကတော့ " ကျွန်တော့်ကို ချစ်တဲ့၊ကျွန်တော်က ချစ်တဲ့ မာမီ့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ရ,မျက်နှာလေးကိုမကြည့်လိုက်ရလို့ပိုပြီး ခံစားကြေကွဲရပါတယ်မာမီရေ...ကျွန်တော့်အိမ်နဲ့နီးပါတယ် လမ်းထိပ်တင်၊ဒါပေမယ့် Covid ကြောင့် ဘယ်မှမသွား/မလာရတော့ ဝတ္တရားမကြေသလိုခံစားရပြန်တယ်..အသက်၉၉နှစ် ရှိပြီဖြစ်တဲ့မာမီရေ....ဒီ၉၉နှစ်လုံး သုံးလာတဲ့ ခန္ဓာကိုယ် အဟောင်းကိုစွန့်ပြီး​ကောင်းရာဘုံဘဝသစ်မှာ ခန္ဓာသစ်နဲ့ သုခချမ်းသာပြည့်စုံရရှိပါစေခင်ဗျာ" ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source: Yawai Aung ' s Facebook acc / Yan Aung ' s Facebook acc 

Photo Credit: Yan Aung ' s Facebook acc
photo credit : Academy Moht Moht Myint Aung 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။