ချစ်ရတဲ့ ပရိသတ်ကြီးရေ ... သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာလေးနဲ့ တစ်မှုထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူလေးပါနော်။ ဆုမြတ်နိုးဦးကတော့ အနုပညာလမ်းခရီးကို ယုံကြည်မှုရှိရှိ အကောင်းဆုံးလျှောက်လှမ်းနေပြီး ယခုဆိုရင် နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမလိုလောက်အောင် ပီပီပြင်ပြင် သဘာဝကျကျ လုပ်ဆောင်နိုင်တဲ့ သူလေးပါနော်။

Photo credit - Hsu Myat Noe Oo's fb account

ပရိသတ်အချစ်တော်မလေး ဆုမြတ်နိုးဦး ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်သဘောထားလည်း ပြည့်ဝတာကြောင့် ချစ်ခင်သူတွေပေါများနေတာကိုလည်း တွေ့ရပါတယ်။ မကြာခဏဆိုသလို ဆုမြတ်နိုးဦး က ပရိသတ်တွေအတွက် ချစ်စရာကောင်းလောက်တဲ့ အလန်းစား ပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ ဆုမြတ်နိုးဦးက အမိုက်စား ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုအောင် လုပ်လိုက်ပြန်ပြီနော်။

Photo credit - Hsu Myat Noe Oo's fb account

သူငယ်ချင်း ကျော်ကျော်ရိုက်ပေးထားတဲ့ အမိုက်စားပုံလေးတွေကို တင်ပေးလာတာဖြစ်ပြီး " မျက်ဝန်းတွေအဖြေရှာကြည့်ပါ ကြည့်တတ်ရင်မြင်နိုင်ပါတယ် ငါ့ရဲ့ရင်ထဲ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။

Photo credit - Hsu Myat Noe Oo's fb account

Source & Photo credit - Hsu Myat Noe Oo's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။