ပရိသတ်ကြီးရေ......အရွယ်တင်နုပျိုလှပနေပြီး အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်အောင်မြင်နေတဲ့သူလေးကတော့ မင်းသမီးချောလေးနန်းဆုရတီစိုးပါ။ သူမဟာ မေမေဆူလိမ့်မယ်သီချင်းနဲ့ ပရိသတ်အားပေးမှုရရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများပါရိုက်ကူးအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

Photo credit-ZawMyo Htet(Galaxy)
Photo credit-ZawMyo Htet(Galaxy)

နန်းဆုရတီစိုးဟာ အသံချိုချိုအေးအေးလေးနဲ့လည်း ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့သူလေးဖြစ်တာကြောင့် သူမရဲ့သီချင်းလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာရေပန်းစားနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်နန်းဆုဟာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်ချစ်ခင်အားပေးမှုအများအပြားရရှိထားတာလည်းဖြစ်ပါတယ်။ နန်းဆုရဲ့ မကြာသေးမီကထွက်ရှိခဲ့တဲ့ အလွမ်းရာသီဆိုတဲ့သီချင်းလေးဟာလည်း လူကြိုက်များအကြိုက်တွေ့ခဲ့တဲ့သီချင်းလေးဖြစ်ပါတယ်နော်။

Photo credit-ZawMyo Htet(Galaxy)
Photo credit-ZawMyo Htet(Galaxy)

မကြာသေးမီကလည်း နန်းစုဟာ သူမရဲ့ Facebookစာမျက်နှာမှာ "လွမ်းချင်း 1990s" ဆိုတဲ့ captionလေးနဲ့ 90ခုနှစ်များတုန်းက ခေတ်စားခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းလေးနဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် နန်းစုရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-ZawMyo Htet(Galaxy)
Photo credit-ZawMyo Htet(Galaxy)

Source-Nansu Yati Soe's Facebook acc

Photo credit-ZawMyo Htet(Galaxy)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။