ပရိသတ်ကြီးရေ.....စန္ဒီမြင့်လွင်ကတော့ အဆိုပိုင်းမှာလည်း အမိုက်စားသီချင်းကောင်းတွေကို သီဆိုတတ်တဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှုအပြည့်အ၀ ရရှိခဲ့တာဖြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်......။

အခုလက်ရှိမှာတော့ စန္ဒီမြင့်လွင်ဟာသာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့သမီးငယ်လေး ခင်လင်းထင်(ခ) Treasureလေးကိုပါ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo credit-Sandy Myint Lwin's Facebook acc
Photo credit-Sandy Myint Lwin's Facebook acc

သမီးငယ်လေး Treasureလေးဟာလည်း ဒီးဒီလိုမျက်နှာပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတဲ့ကလေးလေးဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်နှုတ်ခမ်းလေးစူပြီးလည်း ပို့စ်ပေးတတ်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကိုရရှိနေတာပါနော်.....။

Treasureလေးရဲ့ ချစ်စရာပုံစံလေးတွေကို မေမေရော ဖေဖေရောကပါ မကြာခဏဆိုသလို social networkမှာတင်ပေးလေ့ရှိပါတယ်....။

Photo credit-Sandy Myint Lwin's Facebook acc
Photo credit-Sandy Myint Lwin's Facebook acc

အခုဆိုရင် မေမေစန္ဒီမြင့်လွင်ဟာ သူမရဲ့ You tubeလေးမှာ Treasureလေးကိုရေချိုးခါနီး ဖေဖေကိုယ်တိုင် messageလုပ်ပေးနေတဲ့ ချစ်စဖွယ်ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ Treasureလေးရဲ့ ဖေဖေကတော့ သမီးလေးကိုအရမ်းဂရုစိုက်တာပဲနော်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Sandy Myint Lwin's Facebook acc
Photo credit-Sandy Myint Lwin's Facebook acc

Source & video Credit-Sandy Myint Lwin's YouTube

Photo credit-Sandy Myint Lwin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။