မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်ကတော့ ထူးချွန်ထက်မြက်တဲ့အရည်အချင်းတွေနဲ့ အလှဆုံးဖြစ်အောင် ပြင်ဆင်ဖန်တီးပေးတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာရှင်တော်တော်များများက မထက်ဆီမှာအလှပြင်လေ့ရှိကြတာ ဖြစ်ပါတယ်။ အလုပ်တွေ ကြိုးစားလုပ်ကိုင်တတ်တဲ့ မထက်က လူချစ်လူခင်လည်း ပေါများနေတာလည်း ဖြစ်ပါတယ်။

Photo Credit : Ma Htet Facebook Page
Photo Credit : Ma Htet Facebook Page

မထက်အနေနဲ့ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်အပြင် ဝါသနာအရသရုပ်ဆောင်အလုပ်ကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မထက်က ဖြူဖွေးဝင်းဥပြီး ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်လေးနဲ့ အရမ်းကိုဆွဲဆောင်မှုရှိနေတာကြောင့် ပုရိသတွေကကြွေနေရတာလည်း ဖြစ်ပါတယ်။ မထက်ကတော့ သူရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို သူရဲ့လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။

Photo Credit : Ma Htet Facebook Page
Photo Credit : Ma Htet Facebook Page

မထက်ကတော့ ပရိသတ်တွေ ရယ်မောပျော်ရွှင်စေရန် Tik Tok ဟာသဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပြီး အခုလည်း အမိုက်စားသံစဉ်တွေနဲ့ အသည်းယားစရာဟန်ပန်အမူအရာလေးတွေမျိုးစုံပေးကာ ရိုက်ထားတဲ့ tik tok ဗီဒီယိုလေးတွေကို သူမရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ မထက်တစ်ယောက် မိမိုက်ကာ ချစ်စရာလည်းကောင်းတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် မထက်ရဲ့ tik tok ဗီဒီယိုလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Ma Htet Facebook Page
Photo Credit : Ma Htet Facebook Page

Source & Photo Credit : Ma Htet Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။