ပရိသတ်ကြီးရေ ဂျူဂျူးသစ္စာကတော့ ဖက်ရှင်အမိုက်စားတွေနဲ့ ပရိသတ်အမြင်အာရုံကို ဖမ်းစားတတ်တဲ့ သူလေး ဖြစ်ပါတယ်။ ဖက်ရှင်ရှိုးပွဲတွေမှာ အမြဲပါဝင်တတ်တဲ့သူဖြစ်သလို သူများတွေနဲ့ မတူတဲ့အလှကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သဘာဝအတိုင်း ဖြောင့်စင်းတဲ့ နှာတံနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ နှုတ်ခမ်းလှလှတွေကို ပိုင်ဆိုင်ထားတဲ့ ဂျူဂျူးက နိုင်ငံခြားဆန်တဲ့မျက်နှာမျိုးနဲ့ ထူးခြားစွာလှသူလေး ဖြစ်ပါတယ်။

Photo Credit : Jue Jue Thit Sar Fcebook Page
Photo Credit : Jue Jue Thit Sar Fcebook Page

သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။သူမဟာ အပြုံးချိူချိူလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေက အသဲစွဲနေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ice cream သီချင်းလေးနဲ့ အပြတ် ဒွန့်ပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Jue Jue Thit Sar Fcebook Page
Photo Credit : Jue Jue Thit Sar Fcebook Page

ဗီဒီယိုလေးထဲမှာဂျူးတစ်ယောက်အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။သူမကတော့ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာမှာ သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ဂျူဂျူးသစ္စာရဲ့ ဗီဒီယိုလေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Jue Jue Thit Sar Fcebook Page
Photo Credit : Jue Jue Thit Sar Fcebook Page

Source & Photo Credit : Jue Jue Thit Sar Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။