သရုပ်ဆောင်လောကမှာ ကာရိုက်တာမျိုးစုံမှ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူကတော့ သရုပ်ဆောင် ကိုပေါက်ပဲ ဖြစ်ပါတယ်။ ယနေ့ချိန်မှာတော့ အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ကိုပေါက်ဟာ သာယာကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account

သူဟာ အနုပညာအလုပ်တွေသာမကဘဲ ဇနီးဖြစ်သူနဲ့အတူ အခြားစီးပွားရေးလုပ်ငန်းအဖြစ် Online Shopping လေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မကြာခဏ ဆိုသလိုလည်း Tik Tok ဗီဒီယိုလေးဆော့ကာ တင်ပေးနေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေရဲ့ အထူးအားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Aung Min Naing’s Tik Tok Account
Photo Crd- Aung Min Naing’s Tik Tok Account
Photo Crd- Aung Min Naing’s Tik Tok Account

မနေ့ကလည်း ကိုပေါက်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ လျှို့ဝှက်ချက်တစ်ခုကို ဇနီးဖြစ်သူကထုတ်ပြောလိုက်တာကြောင့် အရှက်ကွဲခဲ့ရတဲ့ ကိုပေါက်ရဲ့အခွီ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Aung Min Naing’s Facebook and Tik Tok Account 

@aungminnaing425

♬ Original Sound - Unknown

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။