ပရိသတ်ကြီးရေ အိအိတုန်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်းနေထိုင်‌နေတာဖြစ်ပါတယ်။အိအိတုန်က အနုပညာအလုပ်တွေလည်း လုပ်ဆောင်သလို တစ်ဖက်တစ်လမ်းကနေလည်း စီးပွားရေးကို လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။အိအိတုန်က လက်ရှိမှာဆိုရင်လည်း ဒုတိယရင်သွေးလေးကို လွယ်ထားရတာဖြစ်လို့ မကြာခင်မှာမွေးဖွားတော့မှာဖြစ်ပါတယ်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

အိအိတုန်ရဲ့ ဒုတိယကိုယ်ဝန်ကလည်း မိန်းကလေးပဲဖြစ်လို့ အိအိတုန်တို့ဇနီးမောင်နှံက သမီးလေးကို နွေးထွေးစွာ ကြိုဆိုနေကြတာဖြစ်ပါတယ်။အိအိတုန်ကတော့ သူမရဲ့ကိုယ်ဝန်ကိုလည်း အထူးဂရုစိုက်ပြီး အားရှိအောင် စားသောက်နေထိုင်နေတာဖြစ်ပါတယ်။အိအိတုန်ရဲ့မိခင်ကလည်း သမီးအကြိုက်ကို နေ့စဉ်ချက်ကျွေးပြီး စောင့်ရှောက်ပေးနေတာပါနော်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

အခုဆိုရင်တော့ အိအိတုန်က မေမေချက်ကျွေးတဲ့လက်ရာလေးကို စားပြီး"ခုနကမှနိုးတယ်မေမေကြော်ထားတဲ့ကြာဇံကြော်စား ညဆိုလုံးဝအိပ်မပျော်ခုနောက်ပိုင်းပိုဆိုးမိုးလင်းထိအိပ်လို့မရ အဲ့လိုဖြစ်နေတာအိပ်ပျော်အောင်နည်းလမ်းရှိလားဟင်"လို့ ရေးသားထားတာဖြစ်ပါတယ်။အိအိတုန်ရဲ့ခင်ပွန်းကတော့ ကိုယ်ဝန်ဆောင်ထားတဲ့ ချစ်ဇနီးလေးရဲ့ဘေးမှာ ကြင်နာယုယပြီး စိတ်ချမ်းသာအောင် ထားပေးနေတဲ့ပုံလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

Source&Photo Credit:Ei Ei Tone's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။