အနုပညာလောကတွင်သာမက စီးပွားရေးလုပ်ငန်းများတွင်လည်း အောင်မြင်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ခင်ပွန်းရဲ့ချစ်ခင်ယုယမှုတွေကြောင့်လည်း ကြည်နူးနေရသူလေးလည်း ဖြစ်ပါတယ်။

Photo Crd- Smile’s Facebook Page
Photo Crd- Smile’s Facebook Page
Photo Crd- Smile’s Facebook Page

သမီးလေးတွေဟာလည်း ဖေဖေနဲ့မေမေတို့ရဲ့ သွန်သင်ဆုံးမမှုတွေအောက်မှာ လိမ္မာရေးခြားရှိလွန်းတာကြောင့် အားလုံးကချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ လတ်တလော Stay Home ကာလမှာ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ သမီးလေးတွေကလည်း အိမ်မှာနေရင်း အပျင်းပြေ Tik Tok လေးတွေ ဆော့ကစားကာ အပန်းဖြေနေကြတာပါ။

Photo Crd- Portia Maung’s Tik Tok Account
Photo Crd- Portia Maung’s Tik Tok Account
Photo Crd- Portia Maung’s Tik Tok Account

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း စမိုင်းလ်ရဲ့ သမီးကြီး ပေါ်ရှာက သူမရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်နေရင်းပုံစံကနေအမိုက်စားဖက်ရှင်လေးကိုပြောင်းလဲဝတ်ဆင်ပြလိုက်တဲ့ ပေါ်ရှာရဲ့Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Smile’s Facebook page and Portiamaung’s Tik Tok Account 

@portiaaamaunggg

transition was terrible but oh well

♬ FAMOUS PPL ARE USING THIS AUDIO - cookie25k bad bleeps

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။