မည်သည့် အားကစားနယ်ပယ်မှာမဆို ထူးချွန်ကြလို့ လူအများကတောင် ဝိုင်းဝန်းချီးမွမ်းကြရတဲ့ talented players တွေရှိကြပါတယ်။

ဒီတစ်ခေါက်မှာဆိုရင်လည်း ပရိသတ်တွေကို ကမ္ဘာပေါ်မှာ talented အဖြစ်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီး ဘောလုံးသမားတွေကို ဖော်ပြပေးချင်ပါတယ်။

Photo from google

1.Mia Hamm

Mia Hamm ကတော့ အမေရိကန်နိုင်ငံသူ အမျိုးသမီး ဘောလုံးသမားတစ်ဦးပဲဖြစ်ပါတယ်။

Mia Hamm မှာသူမဘောလုံးကစားနေတုန်းက Olympic Gold Medal ကိုနှစ်ကြိမ်တောင်ရယူနိုင်ခဲ့သလို FIFA Women's World Cup champion ဆုကိုလည်း နှစ်ကြိမ်တိုင်တိုင်ရယူနိုင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။

Mia Hamm ဟာ international goals 158 လုံးထိသွင်းယူနိုင်ခဲ့သူတစ်ဦးဖြစ်ပီး 2013 ခုနှစ်ထိတိုင်အောင် most international gold scored players အဖြစ်စာရင်းဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

Mia Hamm ဟာ 2004 ခုနှစ်မှာ ဘောလုံးကစားတာကနေအနားယူသွားပေမယ့် သူမရဲ့ skill တွေကြောင့် လက်ရှိအချိန်ထိ talented soccer player စာရင်းမှာ နေရာယူထားဆဲ ဖြစ်ပါတယ်။

Photo from google

2.Marta

Marta ကတော့ Brazil နိုင်ငံသူ ဘောလုံးကစားသမားတစ်ဦးပဲဖြစ်ပြီး သူမဟာ ဘောလုံးသမိုင်းမှာ talented အဖြစ်ဆုံး ကစားသမားလို့ သတ်မှတ်ခံရသူတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

Marta ဟာ 2006 ကနေ 2010 ခုနှစ်ထိ FIFA World Player of the Year အဖြစ် ငါးနှစ်တိုင်အောင် သတ်မှတ်ခံခဲ့ရသူပါ။

ဒါ့အပြင် Marta ဟာ 2007 Women's World Cup မှာ Brazil အသင်းကို ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး ၄င်းပြိုင်ပွဲကပေးအပ်တဲ့ ရွှေဘောလုံးဆုနဲ့ ရွှေဖိနပ်ဆုတို့ကို ရရှိခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo from google

3.Homare Sawa

Homare Sawa ကတော့ ဂျပန်နိုင်ငံသူ ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး အကောင်းဆုံးသော ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။

Homare Sawa ဟာ Japan အသင်းကို 2011 Women's World Cup နဲ့ 2012 Olympic တို့မှာ captain နေရာကနေ တာဝန်ယူပြီး silver medal ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒါ့အပြင်Homare Sawa ဟာ 2011 Women's World Cup မှာ ရွှေဘောလုံးဆုနဲ့ ရွှေဖိနပ်ဆုတို့ကို ရရှိခဲ့ပြီး most talented player အဖြစ်သတ်မှတ်ခံခဲ့ရသူ တစ်ဦးပဲ ဖြစ်ပါတယ်။

Source - Wikipedia and sportshow

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။