ဘုရားနဲ့တကိုင်းတည်းထားပြီး ကိုးကွယ်ဆည်းကပ်သင့်တဲ့ မိဘတွေရဲ့ ကျေးဇူးတရားကတော့ ဆပ်လို့မကုန်နိုင်အောင်ကြီးမလားလှပါတယ်။

မိဘတွေဟာ သူတို့ရဲ့သားသမီးလေးတွေ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အမြဲအနွံတာခံ ပေးဆပ်တတ်ပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပေးဆပ်ဖို့အတွက် အသင့်ရှိနေတတ်ကြပါတယ်။

photo credit - pngtree
photo credit - pngtree

မိမိရဲ့ရင်သွေးလေးတွေအပေါ်မှာထားတဲ့ မိခင်မေတ္တာဆိုတာဟာ လူသားတွေဆီမှာသာရှိတာမဟုတ်ဘဲ တိရိစ္ဆာန်လေးတွေမှာလည်း ရှိကြပါတယ်။

မိမိတို့ရဲ့ရင်သွေးလေးတွေ ဘေးအန္တာရယ်ကင်းရှင်းဖို့ ၊ အစားစားရဖို့ကို သူတို့လည်းစိတ်ပူတတ်ကြပြီး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်တတ်ကြပါတယ်။

photo credit - pngtree
photo credit - pngtree
photo credit - pngtree

ယခုမြင်တွေ့နေရတဲ့ ပုံရိပ်လေးတွေထဲမှာဆိုရင်လည်း တိရိစ္ဆာန်လေးတွေဆိုပေမယ့် မိခင်ဖြစ်သူတွေဟာ သူတို့ရဲ့ရင်သွေးလေးတွေကို ရင်ဝယ်ထားပြီး စောင့်ရှောက်နေတာတွေ့ရသလို မျက်ဝန်းထဲကနေလည်း သားသမီးအပေါ်မှာထားတဲ့ မေတ္တာတရားကို တွေ့မြင်နေရပါတယ်။

လူသားတွေလောက် ထုတ်မပြတတ်ကြပေမယ့် သူတို့လေးတွေရဲ့ရင်ထဲမှာရှိတဲ့ မေတ္တာတရားကတော့ နှိုင်းဆလို့မရလောက်အောင် ကြီးမားလှပါတယ်။

ပရိသတ်တွေလည်း ကြီးမားလှတဲ့ မိဘတွေရဲ့ မေတ္တာတရားကို သိရှိနားလည်ပြီး ကျေးဇူးဆပ်နိုင်ကြတဲ့ သားကောင်း ၊ သမီး လိမ်မ္မာလေးတွေ ဖြစ်ကြပါစေလို့ တောင်းဆုခြွေပေးလိုက်ရပါတယ်။

photo credit - pngtree
photo credit - pngtree
photo credit - pngtree

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။