photo credit - 100 Thieves twitter

nitr0 အနေနဲ့ Team Liquid cs:go team ကနေထွက်ပြီးတဲ့နောက် Valorant ဘက်ကို ကူးပြောင်းလာနိုင်တယ်ဆိုတဲ့ သတင်းတွေဟာ လက်ရှိအချိန်မှာ အမှန်တကယ်ဖြစ်လို့လာခဲ့ပါပြီ။

nitr0 ဟာ သူ့ရဲ့ပထမဆုံး Valorant player life ကို 100 Thieves မှာကစားပြီး စတင်တော့မှာပဲ ဖြစ်ပါတယ်။

100 Thieves ကတော့ North America region က esports organization တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ 6 လပိုင်း 4 ရက်နေ့ကမှ Valorant team ကိုစတင်ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက် 8 လပိုင်း 14 ရက်နေ့မှာတော့ 100 Thieves ဟာ Hiko တစ်ယောက်သာချန်ထားပြီး အခြား players လေးယောက်လုံးနဲ့ လမ်းခွဲခဲ့ပါတယ်။

လက်ရှိအချိန်မှာ nitr0 ကိုခေါ်ယူခဲ့ပြီဆို​ပေမယ့်လည်း roster ပြည့်စုံဖို့အတွက် နောက်ထပ် players သုံးယောက်ကို ခေါ်ယူဖို့လိုအပ်နေပါသေးတယ်။

nitr0 အနေနဲ့လည်း သူ့ရဲ့ valorant player life ကို 100 Thieves နဲ့ စတင်ခဲ့ပြီဆိုပေမယ့် cs:go မှာတုန်းကလို performance ကောင်းတွေပြသနိုင်မလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။

Source - 100 Thieves twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။