ကိုပေါက်ကတော့ ဇာတ်ပို့၊ ဇာတ်ရံ တစ်ယောက်အနေ နဲ့ အနုပညာလောကထဲကို ခက်ခက်ခဲခဲ ဖြတ်သန်းလာရပြီး ပရိသတ်ရဲ့ရင်ထဲမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားလုပ်ကိုင်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုပေါက် က မြန်မာ့ရုပ်ရှင်လောကကိုတစ်ထောင့်တစ်နေရာကနေ တိုးတက်အောင်လုပ်ဆောင်ပေးနေတဲ့ ဇာတ်ညွန်းရေး ၊ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားပြီး အားလပ်တဲ့အချိန်လေးတွေမှာလည်း မိသားစုကို အချိန်ပေးကုန်ဆုံးလေ့ရှိသူပဲ ဖြစ်ပါတယ်။ ကိုပေါက်က ပင်ကိုယ်ဟာသဥာဏ်ရွှင်သူဖြစ်ပြီး ဟာသဗီဒီယိုလေးတွေကိုလည်း မိသားစုနဲ့အတူ ဖန်တီးရိုက်ကူးကာ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။ ကိုပေါက်က ယနေ့မှာတော့ ချစ်ဇနီးချောလေးနဲ့ အတူ ရွှေကစ်ရဲ့ မွေးနေ့မိတ်ဆုံစားပွဲလေးကို အတူတူတက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo credit - Aung Min Naing's FB account

ရွှေကစ်ရဲ့ မွေးနေ့က ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ပြီးသွားပြီဖြစ်ပေမယ့်လည်း အခုညမှာတော့ သိကျွမ်းတဲ့ အနုပညာရှင် ညီအကို မောင်နှမတွေနဲ့အတူ ညစာစားပွဲလေးကို ကျင်းပနေတာလည်း ဖြစ်ပါတယ်။ ကိုပေါက်က ရွှေကစ်နဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာရင်း " ချစ်ရတဲ့ ညီမလေး ကစ်ကစ်ရေ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ သာယာပါစေ " ဆိုပြီး မွေးနေ့ဆုတောင်း စာလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

Source & Photo credit - Aung Min Naing's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။