အားကစားဆိုတာကတော့ နေ့စဉ်လူတိုင်းမှာ ရှိသင့်တဲ့ အပိုင်းတစ်ခုဖြစ်ပါတယ်။ အားကစားပြုလုပ်ချင်းက ကိုယ့်အတွက် ကျန်မားရေးကို ပိုမိုကောင်းစေပြီး တခြားသော ကောင်းကျိုးများစွာကိုလဲ ရရှိစေပါတယ်။ ဒါကြောင့်ပဲ အားကစားတွေနဲ့ပတ်သတ်လို့များစွာသော ကစားနည်းများစွာအပြင် ပြိုင်ပွဲတွေလဲ ကျင်းပလေ့ရှိပါတယ်။ ခုလက်ရှိအချိန်မှာ ရေပန်းစားလာတဲ့ Sport တွေလဲရှိသလို လွန်ခဲ့သော အချိန်များစွာကနေ ယနေ့တိုင် Popular ဖြစ်နေတဲ့ Sport တွေလဲရှိပါတယ်။ ဒါကြောင့်ပဲ အားကစားလောကမှာ ပထမဦးဆုံး ဖြစ်ပေါ်လာတဲ့ Sport တွေကိုဖော်ပြလိုက်ပါတယ်။ 

Credit Image : catawiki

Wrestling

နပန်းဆိုတဲ့ အားကစားကတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး Sport တစ်ခုဖြစ်ပါတယ်။ ဘာကြောင့် နပန်းကစားနည်းက ပထမဦးဆုံး အားကစားလဲဆိုတာကို သိရတဲ့အကြောင်းကတော့ Lascaux, France တို့မှာရှိတဲ့ နံရံပန်းချီတွေကိုကြည့်ချင်းအားဖြင့်သိရှိနိုင်ပါတယ်။ အဲ့ပန်းချီတွေဟာ လွန်ခဲ့သော နှစ် 15,300 တုန်းကဂူထဲမှာဆွဲထားခဲ့တဲ့ ပန်းချီတွေဖြစ်ပါတယ်။ အဲ့လိုပန်းချီတွေကို ပြင်သစ်မှာတင်မဟုတ်ပဲ ကမ္ဘာအနှံ့မှာရှိတဲ့ ဂူတော်တော်များများမှာတွေ့ရတက်ပါတယ်။ အဲ့နေရာတွေကတော့ ဘီစီ 7000 တုန်းက Mongolia ကဂူတွေ , ဘီစီ 6000 တုန်းက Libya မှာရှိတဲ့ဂူတွေနဲ့ ဂျပန်က သမိုင်းဂူတွေမှာ တွေ့ရှိနိုင်ပါတယ်။ နပန်းနဲ့ပတ်သတ်တဲ့ အချက်အလက် အပိုင်းအစတွေကိုလဲ အေဒီ 100 နဲ့ 200 ကြားမှာလဲတွေ့ရှိခဲ့ရပါတယ်။ အချိန်တွေကြာသွားတာတောင်မှ ယနေ့တိုင် နပန်း အားကစားဟာ ယနေ့တိုင် Popular ဖြစ်တုန်းပါပဲ။

Credit Image : catawiki

Running

အပြေး အားကစားဟာ ခုလိုကမ္ဘာ့ပထမဆုံးအားကစား စာရင်းထဲပါနေတာ စာဖတ်သူတွေအတွက်မထူးဆန်းလောက်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းပြေးဖူးကြသလို လူတိုင်းနဲ့လဲ မစိမ်းတဲ့ အလေ့အကျင့်ပါပဲ။ ပြေးတဲ့အားကစားဟာလဲ ဘီစီ ၇၇၆ တုန်းကပထမဆုံးကျင်ပခဲ့တဲ့ အိုလံပစ်မှာ မှတ်တမ်းတင်ထားခံရတဲ့ တစ်ခုတည်းသောအားကစားပဲဖြစ်ပါတယ်။ ဒီအပြေးအားကစားမှာဆိုရင်တော့ မတူညီတဲ့ အပြေးအားကစား ၄မျိုးလဲ ပါဝင်ပါသေးတယ်။ 

Credit Image : catawiki

Javelin Throwing

လှံပစ် တဲ့ အားကစားဟာလဲ အစောပိုင်းကာလတွေတုန်းက ပြုလုပ်ခဲ့တဲ့ အိုလံပစ်ထဲမှာ ပါဝင်ခဲ့တဲ့ Sport တစ်ခုဖြစ်ပြီး ယနေ့တိုင်ကျင်းပနေတဲ့ Olympic ထဲမှာလဲ ပါဝင်နေတုန်းဖြစ်တဲ့ ကစားနည်းဖြစ်ပါတယ်။ လှံပစ်ကစားနည်းကတော့ ကိုယ်အတက်နိုင်ဆုံးအကွာအဝေးကို ပစ်ချတဲ့ ကစားနည်းပဲဖြစ်ပါတယ်။ လှံပစ်ကစားနည်းကတော့ ဘီစီ ၇၀၈ တုန်းက ပြုလုပ်ကျင်းပခဲ့တဲ့ Olympic မှာ ပထမဆုံး ပါဝင်ခဲ့ပါတယ်။ အဲ့အချိန်အခါတုန်းကဆိုရင် လှံတွေပစ်ရတာက ယနေ့လှံတွေကို ပစ်ရတာထက် ပိုမိုပေါ့ပါးပါတယ်။ 

Credit Image : catawiki

Polo

ပိုလို ကစားနည်းကတော့ အာရှအလယ်ပိုင်းမှာရှိတဲ့ ပါရှန်းအင်ပါယာ တည်ရှိခဲ့တုန်းက ဧကရာဇ်တွေ ပထမဆုံးကစားခဲ့တာဖြစ်ပါတယ်။ ပိုလိုကတော့ ကစားသူတွေဟာ မြင်းစီးရပြီး အသင်းနဲ့ ကစားရတဲ့ အားကစားဖြစ်ပြီး နှစ်ဘက်အသင်းစလုံးက မြင်းစီးရင် သစ်သားတုတ်နဲ့ ဘောလုံးလေးကို ဂိုးဝင်အောင် သွင်းကစားရတာဖြစ်ပါတယ်။ ဒီအားကစားနဲ့ပတ်သတ်လို့ ပထမဆုံးမှတ်တမ်းတင်ထားတာကတော့ အေဒီ ၃၁၆ တုန်းကဖြစ်ပါတယ်။ ယနေ့ခေတ်အားကစားကိုတော့ India ကို British Empire အုပ်ချုပ်ခဲ့စဉ်က တီထွင်ခဲ့တာဖြစ်ပြီး အဲ့ကနေပဲ ၁၈၃၃ မှာ ပထမဦးဆုံး Polo Club ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ 

Credit Image : catawiki

Hockey

ဟော်ကီ အားကစားကိုတော့ ရှေးဟောင်းဂရိနိုင်ငံတွေကို လေ့လာခြင်းဖြင့်သိရှိနိုင်ပါတယ်။ အဲ့လိုလေ့လာနေရင်း ဘီစီ ၆၀၀ တုန်းက ပုံတွေမှာ လူတစ်အုပ် ကွေးကောက်နေတဲ့ တုတ် နဲ့ ဘောလုံးတစ်လုံးကို ကစားနေတဲ့ ပုံရိပ်တွေ တွေ့နိုင်ပါတယ်။ ဟော်ကီ ကို မူလခေါ်ဆိုကြတဲ့ နာမည်က ' Shinty ' ပဲဖြစ်ပါတယ်။ ' Hockey ' ဆိုတဲ့ အခေါ်အဝေါ်ကိုတော့ ၁၉၆၃ ခုနှစ်တုန်းက Edward III of England ကအသုံးပြုခဲ့တာဖြစ်ပါတယ်။ ၁၈၀၀ပြည်နှစ်တွေမှာတော့ British Empire ကြီးက ပျံနှံံ့ သွားခဲ့တဲ့အချိန်မှာဆိုရင်တော့ သူတို့ဟာ ဒီ ကစားနည်းကို မိတ်ဆက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ Popular ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။