Photo credit -pngtree

1.ကလေးငယ်တွေရှေ့မှာ ရန်ဖြစ်တာမျိုးတွေကို ရှောင်ကြဉ်ပါ

အကယ်၍မိဘဖြစ်သူတွေက ကလေးတွေရှေ့မှာ ဆဲရေးတိုင်းထွာပြီး ရန်ဖြစ်နေကြမယ်ဆိုရင် ကလေးငယ်လေးတွေရဲ့ ပါးစပ်ကထွက်လာတဲ့ စကားလုံးတွေကလည်း ကြမ်းတမ်းလာနိုင်ပြီး ရိုင်းစိုင်းတဲ့ ကလေးအဖြစ်ကို ရောက်ရှိသွားနိုင်ပါတယ်။

ဒါ့ကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေရှေ့မှာ ရန်ဖြစ်တာမျိုးတွေ စကားလုံးကြမ်းကြမ်းတမ်းတမ်းတွေနဲ့ စကားပြောတာတွေကို ရှောင်ရှားသင့်ပါတယ်။

Photo credit -pngtree

2.တူညီသောအသံနဲ့ တုန့်ပြန်ချင်းကိုရှောင်ကျဉ်ပါ

ဒုတိယတစ်ချက်အနေနဲ့ကတော့ မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေနဲ့ စကားပြောတဲ့အခါ လေသံကြယ်ကြယ်နဲ့ ရိုင်စိုင်းတဲ့စကားတွေမပြောပါနဲ့ ။ သူတို့ဘက်ကပြောလာရင်တောင် အကြိုးသင့်အကြောင်းသင့်ရှင်းပြပြီး နောက်ထပ်မပြောတော့အောင် သွန်းသင်ဆုံးမပေးပါ ။ သူတို့ရဲ့မျက်လုံးလေးတွေကိုကြည့်ပြီး စကားသံချိုချိုလေးတွေနဲ့ သူတို့စိတ်ထဲက မကောင်းတဲ့အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပေးပါ။

Photo credit -pngtree

3.သူတို့မှာရှိတဲ့ပြသနာကိုနားလည်အောင်ကျိုးစားပါ

ကလေးငယ်လေးတွေအနေနဲ့ တခါတရံသူတို့မှာ ပြသနာလေးတွေရှိတဲ့အခါ မိဘတွေကိုပြောပြတတ်ကြပါတယ်။အဲ့လိုအချိန်မျိုးမှာ မိဘတွေအနေနဲ့ ကလေးငယ်လေးတွေရဲ့ ခံစားချက်တွေကို လျစ်လျူမရှုပစ်ဘဲ သူတို့ဘာဖြစ်နေတယ် ငါဘယ်လိုလုပ်ပေးရင် သူတို့အဆင်ပြေနိုင်မလဲဆိုတာစဉ်းစားပြီး ကလေးငယ်လေးတွေကို ဖေးမပေးကြပါ ။အဲ့တာဆိုရင် သင်ဟာ ကလေးငယ်တွေရဲ့ရင်ထဲက သူရဲကောင်းကြီး ဖြစ်လာနိုင်ပါတယ်။

Photo credit -pngtree

4.မကြာခဏ ချီးမွမ်းစကားဆိုပေးပါ

ကလေးငယ်တွေရဲ့သဘာဝအရ သူတို့ပုံလေးဆွဲပြီးတာပဲဖြစ်ဖြစ် တခုခုကိုအောင်မြင်အောင်လုပ်ပြီးတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် မိဘတွေကို အားကိုးတကြီးနဲ့ လာပြတတ်ကြပါတယ်။

အဲ့လိုအချိန်မျိုးတွေမှာ ကလေးတွေကို တော်လိုက်တာ ၊ သမီးလေးကအရမ်းတော်တာပဲ ၊ သားလေးကအရမ်းတော်တာပဲ စသည်ဖြင့် ချီးမွမ်းပေးကြပါ ။ ကလေးငယ်လေးတွေရဲ့ စိတ်ခံစားမှုဟာ အရမ်းနုနယ်လှတဲ့အတွက် မိဘတွေရဲ့ ချီးမွမ်းစကားသံလေးတွေဟာ သူတို့လေးတွေအတွက်တော့ နောက်ထပ်ကျိုးစားလုပ်ကိုင်ချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်အောင် အားဆေးပေးလိုက်သလိုပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။