လူတိုင်း ကျန်းမာရေးအတွက် အားကစားတစ်ခုခုကို မဖြစ်မနေ လုပ်သင့်ပါတယ်။ အားကစားမျိုးစုံရှိတဲ့အထဲမှ လူတိုင်းနဲ့ အသင့်တော်ဆုံး အားကစားကတော့ ယောဂ ပဲ ဖြစ်ပါတယ်။ ယောဂ က အသက်အရွယ် အပိုင်းအခြား မရွေး၊ ကျားမ မရွေး၊ အချိန်နေရာ မရွေးဘဲ ကျင့်နိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ပေးပါတယ်။ ဒါ့ကြောင့် ရေရှည် ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံချင်တယ် ဆိုရင်တော့ ယောဂ ကျင့်ဖို့ တိုက်တွန်းချင်ပါတယ် ။

photo credit - pig tree
photo credit - pig tree

ယောဂ ကျင့်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေးကောင်းကျိုးများကိုပါ တဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေတယ်

သွေးလည်ပတ်မှုအား ကောင်းတယ်

ကောင်းစွာ အိပ်စက်နိုင်တယ်

အဆုပ် အားကောင်းစေတယ်

ခါးနာတာတွေ သက်သာစေတယ်

ကိုယ်ခံအားကောင်းစေတယ်

ကိုယ်နေဟန်ထား smart ကျစေတယ်

အကြောတွေ ပြေလျော့စေတယ်

စိတ်ကို အေးချမ်းစေတယ်

ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးတယ်

သွေးတွင်းရှိ သကြားဓါတ်ကို လျော့ကျစေတယ်

ကိုယ်အလေးချိန်ကျစေတယ်

အသက်ရှုအား ကောင်းစေတယ်

သဘာဝအတိုင်း နာကျင်မှုတွေကို သက်သာစေတယ်

နှလုံးနှင့် သွေးကြောများစနစ်ကို အားကောင်းစေတယ်

photo credit - pig tree
photo credit - pig tree

ဖော်ပြပါ ကောင်းကျိုးများအပြင် အခြားသော ကျန်းမာရေး ကောင်းကျိုးများလည်း ရှိပါတယ်။ ယောဂကို မူကြိုကလေး အရွယ်မှစပြီး ပင်စင်ယူပြီး ဖိုးဖိုး၊ ဖွားဖွားတွေတောင် သင်ယူနိုင်ပါတယ်။ ယောဂကျွမ်းကျင်သူ တစ်ယောက်သာ ဖြစ်သွားခဲ့လျှင် မိမိကိုယ်ကို ယုံကြည်မှု အပြည့်နိုင်မယ့်အပြင် ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်မယ်ဆိုတာ အသေအချာပါပဲ။ ဖြစ်နိုင်မယ်ဆိုရင်တော့ နည်းလမ်းလေးတွေ မှားယွင်းနိုင်တာမို့ စစသင်တဲ့ beginner တစ်ယောက်အနေနဲ့ YouTube ကဖြစ်ဖြစ်၊ အခွေပဲဖြစ်ဖြစ် ကြည့်ပြီး ကိုယ်တိုင် မစမ်းကြည့်တာ ပိုပြီး သင့်တော်မယ်လို့ အကြံပေးပါရစေနော်။ ကဲ … အခုကစပြီး အားလုံးပဲ အနှေးနဲ့ အမြန် ယောဂ သင်တန်း တစ်ခုခုကို join လိုက်ကြပါစို့နော် …

photo credit - pig tree
photo credit - pig tree

သတင်းအရင်းအမြစ် - benefits of Yoga (YouTube)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။