မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းကတော့ တစ်ချိန်က အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာနေရာတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ပြီး ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc

ပြည်သူချစ်အနုပညာရှင်ဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ စကားပြောပုံလေးတွေ ချိုသာတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ သူမကတော့ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေသူလေးပဲဖြစ်ပါတယ်။ အေးချမ်းတဲ့ မိသားစုလေးဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်ရတဲ့ မိသားစုလေးကိုအပြည့်အဝအချိန်ပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc

သူမကတော့ ယခုမှာ ဆော့ကစားနေရလို့ ပျော်ရွင်နေတဲ့ သားသားမီးမီးလေးတွေကိုသေသေချာချဂရုစိုက်ပေးပြီး ချစ်မဖြစ်နေကာ အားလပ်ရက်လေးမှာ ပျော်ရွှင်ကြည်နူးနေကြပါတယ်။ သူမကတော့ " ဒီနေရာလေးကအချိန်ပိုင်းငှားလို့ရပြီး တစ်သုတ်ပြီးတာနဲ့ ပိုးသတ်လို့ စိတ်ချရတော့ သွားဆော့ဖြစ်တယ် တူမလေးနဲ့ဖူးလေးပုံသေချာမရိုက်လိုက်ရဘူး "ဆိုပြီးသူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းတို့မိသားစုလေးရဲ့ ပိတ်ရက်လေးမှာပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source -Thinzar Nwe Win's FB Acc

Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။