ပရိသတ်ကြီးရေ မင်းသမီးချောလင်းဇာနည်ဇော်ကတော့ ဟိုးတစ်ခေတ်ကတည်းက ဇာတ်ကားတွေအများအပြားမှာ အိုင်တင်ကောင်းကောင်းနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်လက်ပါနော်။လင်းဇာနည်ဇော်က ဆံပင်ရှည်ရှည်နဲ့ ချစ်စရာမျက်နှာလေးကြောင့် လူချစ်လူခင်ပေါများတဲ့သူဖြစ်ပါတယ်။လင်းဇာနည်ဇော်က တစ်ခေတ်မှာ ဦးကျော်ဟိန်း‌သင်ကြားပေးခဲ့တဲ့ မင်းသမီးတစ်လက်ပါနော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

ဒီနေ့လေးမှာဆိုရင် ဩစတေးလျနိုင်ငံမှာ ဘုန်းကြီးဝတ်နေတဲ့ ဦးကျော်ဟိန်းက ပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။ဦးကျော်ဟိန်းကွယ်လွန်တဲ့သတင်းကြောင့် အနုပညာရှင်အများအပြား စိတ်မကောင်းဖြစ်ခဲ့ကြပြီး နှမျောနေကြတာပါနော်။အနုပညာရှင်တွေနဲ့ထပ်တူ ပရိသတ်တွေကလည်း အတိုင်းမသိဝမ်းနည်းနေကြတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်ကလည်း သင်ဆရာ၊မြင်ဆရာ၊ကြားဆရာဖြစ်တဲ့ ဦးကျော်ဟိန်းရဲ့သတင်းကြောင့် လွန်စွာမှစိတ်ထိခိုက်ရတာဖြစ်ပါတယ်။သတင်းမမှန်ပါစေနဲ့လို့ ဆုတောင်းနေပေမယ့် မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပြီး ဟိုးတစ်ချိန်က ဆရာတပည့်နှစ်ယောက် အနုပညာအလုပ်တွေအတူတူတွဲလုပ်ခဲ့ကြတဲ့ အမှတ်တရပုံလေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Source&Photo Credit:Lin Zarni Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။