တစ်ခေတ်တစ်ခါက တီဗီကြော်ငြာများနဲ့ဗီဒီယိုဇာတ်ကားများတွင် နေရာယူထားသူကတော့ သရုပ်ဆောင်မင်းသမီး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းကတည်းက အနုပညာအလုပ်တွေကိုမလုပ်တော့ဘဲ မိသားစုကိုသာအချိန်ပေးနေတာလည်း ဖြစ်ပါတယ်။ သူမဟာ စီးပွားရေးလုပ်ငန်းတွေလည်းလုပ်ကိုင်နေတာပဲဖြစ်ပြီး အားလပ်ချိန်များတွင်တော့သမီးလေးတွေကို အချိန်ပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- Zay Thiha’s Facebook Account
Photo Crd- Zay Thiha’s Facebook Account
Photo Crd- Zay Thiha’s Facebook Account

နန္ဒာဟာ လတ်တလောမှာတော့ သူမတို့မိသားစုပိုင်တဲ့ ဘားအံမှာရှိတဲ့ ဟိုတယ်ကိုပြန်လည်ဖွင့်လှစ် ရန်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သမီးလေးတွေလည်း တစ်ခါတစ်ရံသွားရောက်လည်ပတ်လေ့ရှိပြီး အခုတစ်ခါမှာတော့ ချစ်ခင်ပွန်းနဲ့အတူ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သမီးလေးသုံးယောက်ကိုလည်း နန္ဒာတို့ ဇနီးမောင်နှံနှစ်ယောက်လုံးက လိုလေသေးမရှိအောင် အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေကြတာလည်း မြင်ရသူတိုင်းကို ကြည်နူးပျော်ရွှင်စေတာပါ။

Photo Crd- Zay Thiha’s Facebook Account
Photo Crd- Zay Thiha’s Facebook Account
Photo Crd- Zay Thiha’s Facebook Account

အခုမှာလည်း နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဇေသီဟရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သမီးလေးတွေအတွက် စိတ်ကူးပုံဖော်ထားတဲ့ အခန်းပုံစံလေးတွေကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ " သမီး ၃ ယောက်အတွက် အခန်းက စိတ်ကူးတစ်မျိုး.." ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Zay Thiha’s Facebook Account 

Photo Crd- Zay Thiha’s Facebook Account
Photo Crd- Zay Thiha’s Facebook Account
Photo Crd- Zay Thiha’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။