အဆိုတော်ပိုပိုကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တေးသီချင်းအမျိုးအစား အစုံအလင်ကို သီဆိုနိုင်စွမ်းရှိတဲ့ ပိုပိုက သီချင်းကောင်းလေးတွေ အများအပြားထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။ ပိုပိုရဲ့သီချင်းတော်တော်များများကလည်းလူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

ဒီရက်ပိုင်းမှာတော့ ပိုပိုတစ်ယောက် သီချင်းဗီဒီယိုအသစ်လေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဖန်တီးနေတာ ဖြစ်ပါတယ်။ပိုပိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို အများအပြားလက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

သူမရဲ့ အလှပုံရိပ်လေးတွေကို အမြဲဖော်ပြလေ့ရှိပြီး လတ်တလောမှာလည်း ဖက်ရှင်အလန်းစားလေးနဲ့ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ခရီးသွား ပုံလေးတွေကို သူရဲ့ အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိပြီး ချစ်စရာအရမ်းကောင်းလွန်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေမှာလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

Source & Photo Credit : Po Po Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။