ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ဆယ်စုနှစ်ကျော်တိုင်အောင် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အူဝဲပဲ ဖြစ်ပါတယ်။ သူမဟာ ပရိသတ်တွေအတွက် ဇာတ်အိမ်ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေသာ ရွေးချယ် ရိုက်ကူးလေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကိုလည်း ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page

အူဝဲဟာ ရုပ်ရှင်မင်းသားများစွာနဲ့ အတွဲညီအောင် သရုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့  လှုပ်ရှားမှုတွေတိုင်းကိုလည်း  ပရိသတ်တွေကို  အချိန်နဲ့ တစ်ပြေးညီ အမြဲတင်ဆက်ပေးနေတာပဲ  ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် စိတ်မကောင်းစရာကောင်းတဲ့ သတင်းလေးတစ်ခု ရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Nyi Nanda’s Facebook Account
Photo Crd- Yone Lay’s Facebook Account
Photo Crd- Yone Lay’s Facebook Account

ဒါကတော့ " မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်..

ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းပါစေ ဦးကျော် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာလည်း သူ့ရဲ့တူဖြစ်သူ သရုပ်ဆောင် ကိုသားကြီးကွယ်လွန်တာ (၁၃) နှစ်ပြည့်တဲ့နေ့လေးဖြစ်တာကြောင့် အားလုံးရဲ့ ဝမ်းနည်းမှုတွေ ထပ်ဆင့်ဖြစ်ခဲ့ရတာပါ။ ပရိသတ်တွေအတွက် ဦးကျော်ဟိန်းနဲ့ ရိုက်ကူးခဲ့တဲ့ ပုံရိပ်တစ်ချို့ကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Eaindra Kyaw Zin’s Facebook Page 

Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။