ပရိသတ်ကြီးရေ အကယ်ဒမီခိုင်သင်းကြည်ကတော့ အနုပညာကြယ်ပွင့်တစ်ပွင့် ကြွေလွင့်သွားပြန်‌လို့ စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ဦးကျော်ဟိန်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆာင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရာသက်ပန် သာသာနာ့ဘောင်သို့ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင် ဒွေးဆုံးတာ(၁၃)နှစ်ပြည့်သွားတာဖြစ်ပြီး ဒီနေ့လေးမှာပဲ ဦးကျော်ဟိန်းက ပျံလွန်တော်မူသွားတာဖြစ်ပါတယ်။

Photo Credit: Khine Thin Kyi's Facebook Account
Photo Credit: Khine Thin Kyi's Facebook Account
Photo Credit: Khine Thin Kyi's Facebook Account

မခိုင်လေးကလည်း "ရင်ထဲမကောင်းလိုက်တာကိုယ့်ဆရာသမားတော့မဟုတ်ပါဘူးကိုယ့်ကိုတင်ပေးခဲ့တဲ့သူလည်းမဟုတ်ပါဘူးဒါပေမဲ့အမှတ်တရတွေအများကြီးရှိခဲ့တယ်မပွတ်ကျွတ်ကားကိုကြည့်ပီးကျော်ဟိန်းခရေဇီနော်လို့နောက်ပြောမှန်းသိပေမယ့် ခုချိန်ထိမှတ်မိနေတယ်ဦးကျော်ပရိုဂျူဆာနဲ့ဒါရိုက်တာလုပ်ရိုက်တဲ့”ဆွေမျိုးတော်ရင်ဘယ်လိုခေါ်မလဲ”ရုပ်ရှင်မှာခိုင်သင်းကြည်ကိုမှယုံကြည်လို့ရွေးပြီးငှါးတာနော်ဆိုတာနဲ့လုပ်နေကြအိုက်တင်တွေတောင်မလုပ်တက်တော့ဘူးကျော်ဟိန်းတစ်ခါမှမဆူဖူးမအော်ဖူးတဲ့မင်းသမီးလည်းဖြစ်ခဲ့ပါတယ်(ဦးကျော်ရှုတင်ရောက်တာနဲ့တချိန်လုံးအငြိမ်မနေတဲ့မင်းသမီးကအရမ်းကိုတည်ငြိမ်ပြီးအလုပ်ကိုဘဲအာရုံစိုက်တော့တာလေ)လွန်ခဲ့တဲ့၉နှစ်လောက်ကပြည်ပကနေဘုန်းဘုန်းရန်ကုန်ကိုကြွလာတော့မမို့,မကြီးစိုးမကေတို့နဲ့အတူသွားဖူးခဲ့တယ်"

Photo Credit: Khine Thin Kyi's Facebook Account
Photo Credit:Nyi Nandar's Facebook Account
Photo Credit:That Nyi's Facebook account

"ဒကာမလေးစိတ်ကအဖြူရောင်အဲ့ဒါကြောင့်မို့ဘယ်လိုကာရိုက်တာဘဲထည့်ထည့်ချက်ချင်းထည့်လို့လွယ်တာ(ရေထည့်ထားတဲ့ဖန်ခွက်ထဲကိုလိမ္မော်ရောင်အချိုရည်ထည့်ပြီးရှင်းပြသေးတယ်)အဲ့ဒါဘာဖြစ်လို့အကယ်ဒမီမရသေးတာလဲဘုန်းဘုန်းနားမလည်ဘူးသေချာတဲ့ဇာတ်ရှာပြီးကိုယ်တိုင်ထုတ်ရိုက်ပါလားလို့လည်းမိန့်ခဲ့ဘူးတယ်2017, Australia သွားတုန်းကဖျော်ဖြေရေးသွားတဲ့မြို့နဲ့ဘုန်းဘုန်းနေတဲ့မြို့ကဝေးနေလို့မရောက်ဖြစ်ခဲ့လိုက်ဘူး(ပြန်ရောက်တော့မှဘုန်းဘုန်းနေသိပ်မကောင်းတာကြားလို့မသွားဖြစ်လိုက်တာကိုစိတ်မကောင်းဘူး)နောက်တစ်ခေါက်ရန်ကုန်ကိုကြွရင်သွားဖူးဖို့ဆုံးဖြတ်ထားတာအသိနဲ့သတိဆိုတဲ့တရားကိုဟောခဲ့သူအောင်မြင်မှုတွေစည်းစိမ်ဥစ္စာတွေသံယောဇဉ်တွေကိုဖြတ်ပြီးသာသနာ့ဘောင်ဝင်သွားခဲ့သောမြန်မာပြည်ရဲ့ထိပ်ဆုံးကတစ်ဦးတည်းသောမင်းသားကြီးဘုန်းဘုန်းဦးကိတ္တိသာရအားရိုသေစွာရှိခိုး၍ကောင်းမွန်ရာမြင့်မြတ်တဲ့ဘုံဘဝမှာနိဗ္ဗန်ရောက်ကြောင်းတရားများဆက်လက်ကျင့်ကြံအားထုတ်နိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ဘုရား"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:That Nyi's Facebook account
Photo Credit:That Nyi's Facebook Account
Photo Credit: Khine Thin Kyi's Facebook Account

Photo Credit:Khine Thin Kyi/That Nyi/Nyi Nandar's Facebook Account

Source:Khine Thin Kyi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။