ဒီနေ့ ဂျူလိုင်လ (၁၁)ရက်နေ့လေးကတော့ ပရိတ်သတ်တွေအားလုံး၀မ်းနည်းပူဆွေးရတဲ့ နေ့လေးလို့ပြောရရင်မှားမယ်မထင်ပါဘူး။ အနုပညာလောကရဲ့အဖိုးမဖြတ်နိုင်တဲ့ငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဦးကိတ္တိသာရ(ဦးကျော်ဟိန်း) ဟာဩစတေးလျနိုင်ငံ ကင်မ်ဘာရာမြို့မှာ ယနေ့မနက်ကပဲ ပျံလွန်တော်မူသွားခဲ့တာပဲဖြစ်ပါတယ်။ ဒါ့ပြင်ဒီနေ့လေးဟာ သရုပ်ဆောင်ကိုသားကြီး(ဒွေး)ကွယ်လွန်ခဲ့တာလည်း ၁၃နှစ်ပြည့်ခဲ့တဲ့နေ့လေးဖြစ်ပါတယ်။

ဒီသတင်းကြောင့် အနုပညာရှင်တွေရော ပရိတ်သတ်တွေပါ ၀မ်းနည်းပူဆွေးနေကြရတာပါ။ မကြာသေးမီကလည်း ဒါရိုက်တာကိုပေါက်ဟာ သူ့ရဲ့Facebookစာမျက်နှာတွင် ဦးကျော်ဆုံးပြီတဲ့။မိန်းမက Facebook ကို ပြတယ်။ကျွန်တော့ရင်ထဲ ဆ်ို့တက်သွားတယ်။မယုံလို့ ဟိုလူ့မေး ဒီလူ့မေး နဲ့ လုပ်နေတုန်း မန်းလေးFMကသတင်းတက်လာတဲ့အသံ ကြားလိုက်တော့သေချာသွားပါပြီလား ဆ်ုတဲ့အသိနဲ့အတူ ဦးကျော်ရဲ့ဘေးမှာ နေခဲ့တဲ့အချိန်တွေ ပုံရိပ်တွေ တော်တော်များများအတွေးထဲမှာတန်းစီပြီးပေါ်လာတယ်။ပူပူနွေးနွေးပြောဖြစ်တာကဩစတေးလျမှာနေတဲ့ အောင်လေးAungnaylintunနဲ့facebookမှာပြောဖြစ်တယ်။ဒီနှစ်ဩဇီလာဖြစ်ရင် ဦးကျော်ဆီသွားဖူးမယ် ပို့ပေးအုံးလို့ပြောထားတာ။အခုတော့တွေ့ခွင့်မရတော့ဘူး။

ဦးကျော်အနား ၃ ၄နှစ်လောက် တပည့်ခံ ပညာယူရင်းဦးကျော်ဆီကနေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေစည်းကမ်းပိုင်းဆိုင်ရာတွေအနုပညာတစ်ခုအပေါ်မှာထားရမယ် သဘောသဘာဝတွေ အများကြီး အများကြီးရရှိခဲ့ပါတယ်။ဆရာပေးခဲ့တဲ့ ပညာတွေနဲ့ ကြိုးစားနေပါတယ်။ဦးကျော်ပြောဖူးတဲ့စကားတစ်ခွန်းရှိတယ်။သူက ကျွန်တော့ကို ချစ်စနိုးနဲ့ တိုင်းကျော်လို့ခေါ်တယ်။“တိုင်းကျော် မလုပ်ချင်ရင် ဘာမှမလုပ်နဲ့။တစ်ခုခုလုပ်မယ်ဆိုရင်လဲ အသံထွက်အောင်လုပ် “တဲ့။ဆရာသမား ဦးကျော် ပြောတဲ့အတိုင်း ကြိုးစားနေပါတယ်။ငြိမ်းချမ်းသွားပြီလို့ပဲ ပြောပါရစေ။ကျွန်တော်တို့ကတော့ လောကရဲ့ဒုက္ခတွေကြားကျင်လည်ရုန်းကန်ရင်းအဝေးကနေ ကန်တော့လိုက်ပါတယ် ဦးကျော်...."ဆိုပြီးရေးသားထားပါတယ်။ ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Aung Min Naing's Facebook acc

Photo credit-Aung Min Naing's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။