ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောက တိုးတက်လာအောင် တစ်ထောင့်တစ်နေရာကနေ အကောင်းဆုံး ကြိုးစားနေတဲ့ ဒါရိုက်တာကိုပေါက် ကိုတော့ မသိတဲ့လူလည်း မရှိလောက်ပါဘူး။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ဆန်းသစ်တဲ့ ဖန်တီးမှု ၊ ပရိသတ်တွေကို ပေးချင်တဲ့ အကြောင်းရာများကို အပီအပြင် ဖော်ပြနိုင်စွမ်းရှိတဲ့ ဇာတ်ကားကောင်တွေပဲ ဖြစ်ပါတယ်။ ကိုပေါက် ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက် ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ယခုဆိုရင် အောင်မြင်မှုတွေကို ရရှိထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစု ကို ရရှိထားတာဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း ကိုပေါက်ကတော့ အိမ်မှာနေရင်း ပရိသတ်တွေ ရယ်မော်ပျော်ရွှင်စေဖို့အတွက် ဟာသ tik tok ဗီဒီယိုလေးကိုလည်း ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ ကိုပေါက် က ဟာသဗီဒီယိုလေးတွေ လွမ်းနေတဲ့ ပရိသတ်တွေအတွက် အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပြန်ပါပြီနော်..။
ဒီဗီဒီယို လေးထဲမှာတော့ ကိုပေါက်က ဓားကို ပုဆိုးကြားထဲ ထည့်ထားပြီး လူမိုက် ပုံစံ နဲ့ အပီးပြင် သရုပ်ဆောင်ထားတဲ့ ဟာသ tik tok ဗီဒီယို လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကိုပေါက် ရဲ့ ရယ်မောစရာ ဟာသဗီဒီယိုလေးကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မှျှော်လင့်မိပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဒါရိုက်တာကြီး ကိုပေါက် ရဲ့ ကြည့်မိသူတိုင် ရယ်မောပျော်ရွှင်သွားစေမယ် ဟာသ ဗီဒီယို ကို အားပေးကြည့်ရှုပေးပါဦးနော်...။
Photo & Video Credit - Aung Min Naing
Source - Aung Min Naing's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။