အဆိုတော် နေဝင်းကတော့ Snare အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုတော်ဖြိုးလေးနဲ့အတူ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းအောင်မြင်နေတာ ဖြစ်ပါတယ် ။ လူငယ်ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နေဝင်းကတော့ တေးသီချင်းကောင်းတွေ အများအပြားဖန်တီးခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နေဝင်းတစ်ယောက် အိမ်ထောင်သည်ဘဝကို စတင်ပြီး ချစ်ဇနီးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Nay Win's FB Acc
Photo Credit-Nay Win's FB Acc
Photo Credit-Nay Win's FB Acc

နေဝင်းတို့ဇနီးမောင်နှံကတော့ အစက ဧည့်ခံပွဲလုပ်ပြီး လက်ထပ်ရန်စီစဥ်ထားခဲ့ပေမယ့်လည်း Covid 19 အခြေအနေကြောင့် နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးပြီး လက်ထပ်ခဲ့ရတာ ဖြစ်ပါတယ် ။ နှစ်ပေါင်းများစွာကြာအောင် အတူလက်တွဲပြီးမှ လက်ထပ်ခဲ့ကြတဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ် ။ အခုလည်း နေဝင်းရဲ့ချစ်ဇနီးချောလေး အိမ့်ချစ်ချောက ခင်ပွန်းကို ဗီဒီယိုလေးရိုက်ကာ ဆေးထိုးစနောက်လိုက်တာပဲ ဖြစ်ပါတယ် ။

Photo Credit-Eaint Chit Chaw's FB Acc
Photo Credit-Eaint Chit Chaw's FB Acc
Photo Credit-Eaint Chit Chaw's FB Acc

အိမ့်ချစ်ချောက နေဝင်းကို သူမဘာစားချင်နေလဲဆိုတာကို ရအောင်ခန့်မှန်းခိုင်းပြီး ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ် ။ ဇနီးကိုအရမ်းချစ်တတ်တဲ့ နေဝင်းကလည်း မရမကခန့်မှန်းပြီး ချစ်ဇနီးပျော်အောင်လုပ်ပေးလိုက်တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် တစ်ယောက်နဲ့တစ်ယောက် စနောက်ကျီစယ်ရင်း ပျော်ရွှင်ကြည်နူးနေကြတဲ့ နေဝင်းတို့ဇနီးမောင်နှံရဲ့ဗီဒီယိုလေးကိုလည်း အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Eaint Chit Chaw's FB Acc

Photo Credit-Eaint Chit Chaw's FB Acc
Photo Credit-Nay Win's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။