ယနေ့ ဇူလှိုင်လ၁၁ရက်နေ့လေးကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ပြီး သူမတူတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဖမ်းစားနိုင်ခဲ့တဲ့ ပရိသတ်အချစ်တော်ဒွေးကွယ်လွန်ခဲ့တဲ့ ၁၃နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။ ဇွဲနိုင်ဝင်းကတော့ ကွယ်လွန်သွားတာ၁၃နှစ်ပြည့်ပြီဖြစ်တဲ့ ဒွေးကို ယနေ့တိုင်မေ့မရသေးဘဲ လွမ်းဆွတ်သတိရနေကာ ဒွေးအတွက် တတ်နိုင်သလောက် ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးနေခဲ့ပါတယ်။ 

Photo Credit:Zwe Naing Win's Facebook Account
Photo Credit:Zwe Naing Win's Facebook Account
Photo Credit:Zwe Naing Win's Facebook Account

ဇွဲနိုင်ဝင်းကတော့  "နှစ်တိုင်း အစ်ကို့အတွက်ဆိုပြီး ကျွန်တော်တတ်နိုင်သလောက် ကုသိုလ် ကောင်းမှုလုပ်တယ်။ အစ်ကို့အတွက်ဆုတောင်းပေးတယ်။ပြီးရင် ကျွန်တော် အစ်ကို့ကို လာကန်တော့တယ်။အစ်ကို့ နေရာလေးကို သန့်ရှင်းရေး လုပ်တယ်။အခု ဒီနှစ်မှာတော့ အဲ့လိုမျိုး အရောက်လာတွေ့ခွင့်မရလို့ လာမတွေ့ရတာပါ အစ်ကိုရယ်။ချောင်းဝဘုန်းဘုန်းကျောင်းကို ကျွန်တော် ဒီနေ့ လာဖို့ အတွက် ဖုံးဆက်မေးတော့ ခုဖြစ်နေတယ့် ကာလအခြေအနေ တွေကြောင့် ကျောင်းထဲကို ပေးဝင်လို့မရဘူးတဲ့ "ဆိုပြီးရေးသားထားခဲ့ပါတယ်။

Photo Credit:Zwe Naing Win's Facebook Account
Photo Credit:Zwe Naing Win's Facebook Account
Photo Credit:Zwe Naing Win's Facebook Account

ဇွဲနိုင်ဝင်းကတော့ "ကျွန်တော် ဘယ်လို ပြောပြောကို ကျောင်းက ဝင်မရဘူးလို့ပဲ ပြောလာတယ် အစ်ကို အဲ့ဒါကြောင့် ကျွန်တော် ရောက်မလာနိုင်ခဲ့တာပါ အစ်ကို။သတိရတယ် အစ်ကိုရယ်။ခုဆို (၁၃)နှစ်။ ဟိုး အရင်က အစ်ကို့အနား မှာ ကျွန်တော့်ကို အစ်ကို နဲ့ အတူတူ လုပ်ခွင့်ပေးခဲ့တယ့် အလုပ်တွေ၊အတူတူ ရှိခဲ့ဘူးတယ့် အချိန်လေးတွေကို ဘယ်တော့မှမမေ့ပဲအမြဲတမ်း လိုလို လွမ်းတယ်။သတိရတယ်ဗျာ။အစ်ကိုရေ ကျွန်တော် အစ်ကို့အတွက် တတ်နိုင်သလောက် လုပ်တယ့် ကုသိုလ် ကောင်းမှုတွေအတွက် အစ်ကို ရှိနေတယ့်နေရာကနေ သာဓု ပေးပါနော်။အစ်ကို သာဓု ခေါ်နိုင်ပါစေ။သာဓု သာဓု သာဓု ပါ အစ်ကိုချစ်ခြင်းများစွာဖြင့် အမြဲသတိရနေတယ့်ဆိုပြီးရေးသားထားခဲ့ပါတယ်။

Source :Zwe Naing Win's Facebook Account

Photo Credit:Zwe Naing Win's Facebook Account
Photo Credit:Zwe Naing Win's Facebook Account
Photo Credit:Zwe Naing Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။